23 ပတ် - ဘာသာပြန်ပါ။

KIA ထိန်းချုပ်ရာ နယ်မြေတလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို KIA ဘက်က တန်ပြန် ပိတ်ပစ်

နိုဝင်ဘာ ၁၄

KIA ထိန်းချုပ်ရာ နယ်မြေ တလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကစ KIA ဘက်က တန်ပြန် ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"KIA ထိန်းချုပ်ထားတဲ့ နေရာက တရုတ် - မြန်မာ နယ်စပ် ဂိတ်တွေကို KIA ဘက်က သံတံခါး ကြီးတွေနဲ့ ပိတ်ပစ်ပြီ။" လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တရုတ်ဘက်ကဝော့ ကံပိုင်တည် နယ်စပ်ဂိတ်နဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးဖို့ ပြောပေမယ့် KIA ထိန်းချုပ် နယ်မြေက ဂိတ်အားလုံး မဖွင့်ဘူးဆိုရင် တဂိတ်မှ မဖွင့်ပေးနိုင်ဘူး ဆိုပြီး အသေ ပိတ်ပစ်တယ်လို့ သူက ပြောပါတယ်။

တရုတ်ဘက်ကတော့ သူတို့ဘက်က လိုချင်တဲ့ ပစ္စည်းတွေ သယ်ယူလိုနေကြတယ်လို့ ဆိုပါတယ်။

"လိုင်ဇာ ဟိုဘက်ကမ်း တရုတ်ဘက်ခြမ်းမှာ လိုင်ဇာဘက် ဝင်မယ့်ကားတွေ အများကြီး တန်းစီနေတယ်။ တရုတ်ဘက်ခြမ်းကဝောာ့ ဂိတ်ဖွင့်ထားတယ်။ လိုင်ဇာဘက်ခြမ်းတော့ ပိတ်ထားတာ နှစ်ပတ် ဝန်းကျင်ရှိပြီ" လို့ ဒေသခံ တယောက်က ပြောပါတယ်။

တရုတ်ဘက်ကတော့ တရုတ်နိုင်ငံသားတွေကို ခေါ်ယူနေပြီး မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်ကနေ ထွက်ခိုင်းနေကာ ဝင်ပြီးသားတရုတ်နိုင်ငံသားတွေ ပြန်မထွက်ခိုင်းသလို ထွက်ပြီးသား နိုင်ငံသားတွေလည်း တရုတ်ဘက်ထဲ ပြန်ဝင်ခွင့် မပြုဘူးလို့ သူက ပြောပါတယ်။

တရုတ်ဘက်က နယ်စပ်ဂိတ် ဖွင့်ရင်လည်း တရုတ် နိုင်ငံသားတွေသာ ဝင်ထွက်လို့ရပြီး တရုတ်ဘက်က လိုချင်တဲ့ ပစ္စည်းတွေသာ သယ်ယူတာတွေ့ရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

တရုတ် - ကချင် နယ်စပ် ဂိတ်တွေ ကနေ တရုတ်ဘက်က မြန်မာ့ အဖိုးတန် သယံဇာတ ပစ္စည်းတွေ အများဆုံးသယ်ယူ နေတဲ့ ဂိတ်တွေဖြစ်တာကြောင့် နယ်စပ် ဒေသခံတွေ အနေနဲ့ အခက်အခဲ ကြုံရပေမယ့် ဆုံးရှုံးမှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ နယ်စပ်ဒေသခံတွေက ဆိုပါတယ်။

Photo Crd# ဒေသခံ
#centralnewsnaypyitaw

image
image
image
image