သီတဂူဆရာတော်ကြီးအား ရုရှားနိုင်ငံ၊ ဘုရားတီးရားပြည်နယ်အကြီးအကဲလာရောက်ဂါရဝပြု
သီတဂူဆရာတော်ကြီးအား ရုရှားနိုင်ငံ၊ ဘုရားတီးရားပြည်နယ်အကြီးအကဲမှ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့လည်ပိုင်းက လာရောက်ဂါရဝပြုတွေ့ ဆုံခဲ့ကြသည်။
ထိုသို့ ဂါရဝပြုတွေ့ဆုံစဥ် မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာအပြန်အလှန် ကူညီရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဘုရားတီးရားပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့မှလည်း သီတဂူဆရာတော်ကြီးအား ဂါရဝပြုကန်တော့ခဲ့ကြသည်။