တချို့ရပ်ဝန်းတွေဆီ…
တကယ်ပဲဖြစ်ဖြစ်…
အလည်ပဲဖြစ်ဖြစ်
မသွားမိတာကောင်းတယ်…။
ပြန်လာခဲ့ရတဲ့အခါ…
တနင့်တပိုးသယ်ရတာတွေဟာ
တဘဝစာမက…။
လူမမြင်သူမမြင်ဆိုတော့လည်း…
ကူဖော်မရကယ်ဖော်မရ…။
ထိုအရာကိုပင်…
လူတို့ကဝေါဟာတခုသတ်မှတ်လိုက်တယ်
သံယောဇဉ်တဲ့…။
သျှင်ဇော (တောင်ငူ)
Photo - Crd