1 w - Translate

" ငါက ဘုရားရှိခိုးတဲ့ကောင်လေးတွေကို
သိပ်သဘောကျတာပဲ.. "

" ဘာလို့.... "

" ဒီတိုင်းပဲလေ... သဘောကျတာ....
ကြည့်ရတာအေးချမ်းလို့.... "

" ပြီးရင်ကော ဘာတွေသဘောကျသေးလဲ... "

" အိမ်မှုကိစ္စလေးနိုင်နင်းရင် ပိုသဘောကျတာပေါ့... နောက်...
အရေးအကြီးဆုံးက ငါမှငါ ဖြစ်နေမယ့်ကောင်လေးမျိုး....
ဘယ်တော့မှ ငါ့ကို မနာကျင်စေမယ့် ကောင်လေးမျိုး... "

" တော်ပြီလား.... "

" ကျန်သေးတယ်.... အရက်မသောက်... လောင်းကစားမလုပ်....
ဆေးလိပ်...ကွမ်းယာအကုန်ရှောင်.....အရေးအကြီးဆုံးအချက်....
တက်တူးမရှိစေရ... "

" နင်သဘောကျတာကလည်း တစ်မျိုးလေး...
ငွေရှိမယ့်သူတို့.... ရာထူးမြင့်တဲ့သူတို့...
အသိုင်းအဝိုင်းတောင့်တဲ့သူမျိုးလည်းမဟုတ်ဘူး"

သူငယ်ချင်းနှစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်ရယ်မောမိကြသည်။

" အဲဒီ ဘုရားရှိခိုးတတ်ပြီး အလိမ္မာအိမ်ပါမယ့် ကောင်လေးဆိုတာနဲ့တွေ့ကောတွေ့နေပြီလား.... "

" အင်း.... မတွေ့သေးဘူး....
တွေ့ရင် ဘယ်တော့မှ ငါ့ဆီကနေ
ပျောက်မသွားရအောင် ငါ့အပိုင်အဖြစ်ထားမှာ.... "

" အေး.... နင်လိုတဲ့ကောင်လေးမျိုးတွေ့ပါစေဟယ်....
ဒါနဲ့ အဲလိုကောင်လေးမျိုးက ရှိကောရှိလား....
ရှိရင်လည်း ဘုန်းကြီးဝတ်ကုန်ကြပြီလားမသိ.... "

ဟက်ဟက်ပက်ပက်ပဲ ရယ်မောကြရသည်။

ဟုတ်ပါရဲ့... ။

ကိုယ်လိုချင်တဲ့ ဒီလိုကောင်လေးမျိုးက ရှိကောရှိပါ့မလား.... ။

မရှိဘူးလို့တော့ တတ်အပ်ကြီး ဘယ်ပြောနိုင်ပါ့မလဲ.... ။

ကမ္ဘာကြီးက အကျယ်ကြီးပါ... ။

ကမ္ဘာပေါ်မှာလူသန်းပေါင်းမြောက်များစွာရှိတာပဲ. ။

အဲဒီထဲက တစ်ယောက်ယောက်ဟာ တစ်နေရာရာမှာ
ကိုယ်လိုတဲ့ပုံစံနဲ့ ကိုယ်နဲ့ဆုံရဖို့အတွက် ရှိရင်လည်းရှိနေမှာပဲပေါ့.... ။

အချိန်မတန်သေးလို့ မဆုံကြသေးတာလည်းဖြစ်နိုင်သလို
အခြေအနေမပေးသေးလို့
မတွေ့ကြရသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲမလားလေနော်.... ။

#ညတာရာလင်း

image