အလုပ်တစ်ခုကိုအာရုံစိုက်နေတဲ့
အမျိုးသမီးလေးဟာ အလှဆုံးပဲတဲ့
သိုးမွေး Crochetထိုးပြီး ပုံဖော်နေတဲ့မိန်းကလေး
စားစရာတစ်ခုခုကို ချက်ပြုတ်နေတဲ့မိန်းကလေး
ပန်းပင်လေးတွေ စိုက်ပျိူးတာ
မြေအိုးလေးတွေ ပုံဖော်တာ
ပန်းချီတွေဆွဲနေတာ
အဝတ်အစားချုပ်နေတာ
တိမ်လှလှလေးတွေကိုဓာတ်ပုံရိုက်နေတာ
ကဗျာတိုဝတ္ထုတိုလေးတွေရေးကြည့်နေတာ
ပန်းအိုးလေးထဲအလှဆင်တာ
စသဖြင့်Professional အဖြစ်မခံယူထားရင်တောင် ကိုယ်သဘောကျတဲ့ဝါသနာတစ်ခုခုကို လုပ်ဆောင်နေတဲ့အခါ
သိပ်ကိုသဘောကျစရာကောင်းပါတယ်..။
ဒါကြောင့်တစ်ခုခုကိုဝါသနာပါရင် အာရုံစိုက်ပြီးသာအချိန်ပေး Tryကြည့်ပါ
အရည်အချင်းရှိတာကိုလည်းပြပြီး ဘဝကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းနေတဲ့ အမျိုးသမီးလေးတွေဟာ သဘောကျစရာအကောင်းဆုံးနဲ့အတောက်ပဆုံးပဲပေါ့ကွယ် #layaung
#lavenderpan -7လာဗန်ဒါပန်
#ဝေလငါးပြာလေးသို့ပေးစာ
#layaungbookstore