ပန်းငရုတ်ပွ ၊ ပဲငပိကြော်
.......................................
ပန်းငရုတ်ပွ ဝါစိမ်းနီ ကို အစေ့ထုတ်ပြီး လှီးပါ။ ကြက်သွန်ဖြူ နည်းနည်းရိုက်ပြားပြီးအရင်ကြော်၊ ပဲငပိအချိူ အနှစ်တဇွန်းထည့် ၊ ငရုတ်ပွထည့်မွှေ၊ ရေနည်းနည်းထည့်ပေးပါ။ ရသာမှုန့်နှင့်သကြားနည်းနည်းထည့်မွှေပါ။ တမိနစ်စာလောက်ပဲကြော်ပါ။ပန်းငရုတ်ပွအရသာ ချိုချိုကြွပ်ကြွပ်လေးနဲ့စားကောင်းပါတယ်။ ကြာကြာကြော်လို့ပျော့သွားရင် ချဉ်တဲ့အရသာထွက်ပါတယ်။