9 w - Translate

ဗဟိုဘဏ်မှ ဘတ် ၁၄ သန်းကျော်ထပ်မံထုတ်ရောင်း

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုဝင်ဘာ (၁၃) ရက်၌ ဘတ် ၁၄ ဒသမ ၅၂၂ သန်းထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်အသိပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ထိုင်းဘတ်များကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသည်။

ယခု နိုဝင်ဘာလ (၄) ရက်မှ (၁၂) ရက်အထိ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို (၇)ကြိမ်ထုတ်ရောင်းပေးခဲ့ပြီး ထိုင်းဘတ် (၁၇၁) သန်းကျော်နှင့် တရုတ်ယွမ် (၁၂)သန်းကျော်ကို ထုတ်ရောင်းပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကို ထုတ်ရောင်းပေးခဲ့ပြီး ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ပြင်ပငွေကြေးဈေးကွက်၌ တစ်ဒေါ်လာ ကျပ် (၄၅၃၀)ကျပ်၊ ထိုင်းငွေ တစ်ဘတ် (၁၃၀) ကျပ်နှင့် တရုတ်တစ်ယွမ် (၆၃၀) ကျပ်တို့ဖြင့် အကျဘက်သို့ဦးတည်နေကြောင်း သိရသည်။

image