1 w - Translate

တရုတ်သို့ ဆန်/ဆန်ကွဲ တင်ပို့ရန် GACC တွင် မှတ်ပုံတင်နိုင်ရေး နှစ်နိုင်ငံ စိစစ်‌ဆောင်ရွက်နေ

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ မှတ်ပုံတင်နိုင်ရေး နှစ်နိုင်ငံ စိစစ်‌ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက် ပျိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ကြား လက်မှတ်ရေးထိုးခဲ့သည့်မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချု ပ်အရ တင်ပို့ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် တင်ပို့လိုသော ကုမ္ပဏီများ၏ အချက်အလက်များ၊ ယင်းတို့၏ ဆန်စက်နှင့် သိုလှောင်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံတင်ပြ၍ GACC တွင် မှ တ်ပုံတင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော င်း သိရသည်။

၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့လိုသော ကုမ္ပဏီအသစ်များကို စိတ်ဝင်စားမှုအဆိုပြုလွှာ (Ex pression of Interest- EOI) တင်ပြရန် ဇူလိုင်လ ပထမပတ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းတွင် လျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်နှင့် သိုလှောင်ရုံများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်း သပ်မှုလုပ်ငန်းလီမိတက်(MITS) တာဝန်ရှိသူများကစစ်ဆေး ခြင်း၊ ဆောင်ရွက်ထားရမည့် အချက်များနှင့် ပတ်သက်သ ည့် သင်တန်းပေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့ရန် ၂၀၂၁ ခုနှစ်တွင် GA CC မှ မှတ်ပုံတင်ရရှိခဲ့သည့် ကုမ္ပဏီ (၄၃) ခု၊ ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ (၁၈) ခု၊ ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီ (၅၀) ခုရှိခဲ့သဖြင့် စုစုပေါင်းကုမ္ပဏီ (၁၁၁) ခုကို မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ဆန်၊ ဆန်ကွဲများ တင်ပို့လျက်ရှိကြောင်း သိရသည်။

image