ဂုံး ရခိုင်ကြော်ချက်
ဂုံးတွေကိုသေချာဆေးကြောပြီးရင် ငရုတ်သီးခြောက်အနဲငယ်ငပိနဲနဲလေးထည့်ထောင်းပါ ဆီအနဲငယ်သတ်ပါ ဆနွင်းထည့်ပါ ကြက်သွန်နီလှီးထည့်ပါ ငရုတ်သီးထောင်းထည့်ပါ ခဏနေရင်ဂုံးထည့်ပါ ဆုံဆေးရေနဲနဲထည့်ပါ(ငရုတ်ထောင်းခူးပြီးဆုံမှာကပ်ကျန်နေတာကိုဆေးတဲ့ရေကို ဆုံဆေးရေခေါ်ပါတယ်)ရေလိုအပ်ရင်အနဲငယ်ဖြည့် ဆားအနဲငယ်ထည့် ဟင်းခပ်မူန့်ပါရုံထည့် ဂုံးကချိုပါတယ် အကြာကြီးချက်နေစရာလည်းမလိုပါဘူးနော်