1 w - Translate

ကြက်သွန်နီ တစ်ပိဿာ (၆၀၀၀) ကျပ်အထိ ဈေးမြင့်တက်လာ

ပြည်တွင်း လက်လီဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာ (၆၀၀၀)ကျပ် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဝယ်ယူရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။

နယ်မြေဒေသအသီးသီးမှ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်များကို ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် လမ်းတွင်ပေးရသည့် အခွန်များကြောင့်လည်းကောင်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

" ကြက်သွန်က ဒီလမှ စပြီးဈေးတက်လာတာ။ သယ်ယူပို့ဆောင်ရေး စရိတ်စကကြီးတော့ ဈေးတွေကတတ်ကုန်တာ။ ပြီးတော့ လမ်းမှာပေးရတဲ့ ဂိတ်ကြေးက အဖွဲ့ပေါင်းစုံက ကောက်ကြတာ။ အဆင်မပြေဘူး။ ကုန်တင်တဲ့သူတွေကလည်း ကိုက်အောင်တာ့ တင်ကြတာပဲ။ ဒီဘက်ကဝယ်သူတွေအတွက်ကတော့ ဈေးမြင့်ကုန်တာပေါ့"ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြည်တွင်းကြက်သွန်နီကို ယခုနှစ်တွင် ဗီယက်နမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရှိပြီး အောက်တိုဘာလအထိသာ ပြည်ပသို့ တင်ပို့ကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် ကြက်သွန်နီ (၁) ပိဿာလျှင် မြန်မာကျပ်ငွေ (၃၀၀၀)ကျပ် အထိသာ ရရှိခဲ့သော်လည်း ယခုလတွင် (၆၀၀၀) ကျပ် အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image