1 w - Translate

လေထုညစ်ညမ်းနေသောဒေလီ၌လူဦးရေထက်ဝက်နီးပါးခန့်ဆေးကု‌နေရ

အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီတွင် ဆိုးဝါးသော လေထုညစ်ညမ်းမှု‌ကြောင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများဖြင့် နူးဒေလီမြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ လူထက်ဝက်နီးပါးသည်ဆေးကုသမှုယူခဲ့ရကြောင်း စစ်တမ်းသစ်တစ်ခုအရ သိရသည်။

Local Circles ၏ စစ်တမ်းကို ဖြေဆိုသူများအနက် ၈၁ ရာခိုင်နှုန်းတွင် မိသားစုဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ အဆိပ်သင့်‌သောလေကို ရှုရှိုက်မိမှု၍ နာမကျန်းမှုတစ်မျိုးမဟုတ်တစ်မျိုး ကိုခံစားကြရသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

ရောဂါဝေဒနာအပြင်းထန်ဆုံး အခြေအနေများတွင် အိမ်ထောင်စု ဆယ်ခု၌ လေးခုသည် ဆေးရုံသို့ တိုက်ရိုက်သွားကာ ဆရာဝန်ပြရသည်ဟု ဆိုသည်။

အခြားမေးခွန်းတစ်ခုကို ဖြေကြားရာ၌မူ ဖြေကြားသူ ထက်ဝက်ခန့်က သူတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်သုံးပတ်အတွင်း ချောင်းဆိုးပျောက်ဆေး၊ ရှူဆေးနှင့် အချို့အခြေအနေများတွင် ပဋိဇီဝဆေးများအပါအဝင် ဆေးဝါးများ ဝယ်ယူသုံးစွဲခဲ့ရသည်ဟု ဖြေကြားခဲ့သည်။

စစ်တမ်းရလဒ်များအရ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတွင် စီးပွားရေးချဲ့ထွင်ရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အစိုးရအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာနိုင်သည့် အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။

အာဏာပိုင်များ၏ သမိုင်းကြောင်းတလျှောက် ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြသည့် လေထုအတွင်း အဆိပ်အတောက်များကို ရေရှည် ထိတွေ့ရခြင်းကြောင့် နိုင်ငံတွင် ခန့်မှန်းခြေ နှစ်စဉ် လူ တစ်သန်းခန့် ‌ေ-သဆုံးရစေသည်ဟု ဆိုသည်။

“ဒါက ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာပါ၊ ဒီစစ်တမ်းကို အရေးတယူရှိစေဖို့ ဒီနေ့ပဲ အစိုးရထံ တင်ပြသွားမှာပါ” ဟု Local Circles တည်ထောင်သူ Sachin Taparia က ပြောဆိုပြီး သူ့အနေဖြင့် နိုင်ငံတော်အဆင့် နှင့် ဒေသဆိုင်ရာ အာဏာပိုင် နှစ်ရပ်စလုံးဖြင့် နည်းလမ်းရှာဖြေရှင်းသွားမည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

ယခုစစ်တမ်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ကျန်းမာရေးနှင့် မိသားစု သက်သာချောင်ချိရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

ဒေလီသည် တစ်နှစ်တာပတ်လုံး လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး မြို့ကြီးများတွင် ဆက်လက်ပါဝင်နေပြီး အအေးရာသီလများတွင် ယင်းအခြေအနေသည် ပိုမိုဆိုးဝါးလျက်ရှိသည်ဟု သိရသည်။

image