လူတစ်ယောက်
ပြောင်းလဲသွားရင်လေ
အံ့လည်း မအံံ့သြပါနဲ့! ဝမ်းလည်း
မနည်းပါနဲ့ ! စိတ်လည်းမနာပါနဲ့ !
အပြစ်လည်းမတင်ပါနဲ့ !
အရာရာဟာ စက္ကန့်နဲ့အမျှပြောင်းလဲနေတယ်
ပြောင်းလဲနေတဲ့ သဘောကို သိလည်း သိတယ်
နားလည်း နားလည်တယ်။
ပြောင်းလဲသွားတဲ့သူရဲ့ အပြစ်မဟုတ်ဘဲ
ပြောင်းလဲခြင်းသဘောကို သိပြီး မပြောင်းလဲတတ်တဲ့ သင်ကသာ အပြစ်ရှိတာပါ။
ဘဝမှာ တန်ဖိုးထားရမဲ့သူ တချို့ရှိတယ်
မေ့ပစ်ရမဲ့သူ တချို့ရှိတယ်။
တန်ဖိုးထားရမဲ့သူကို မေ့နေပြီး
မေ့ပစ်ရမဲ့သူအတွက် တန်ဖိုးရှိတဲ့
ကိုယ်ရဲ့ အချိန်တွေ အကုန်မခံပါနဲ့။
တစ်သက်လုံး အထီးကျန်ခြင်းက
သင့်ကိုဒဏ်ခတ်သွားလိမ့်မယ်။
တစ်ချို့လူတွေက
သင်ချစ်တာကိုခံချင်ကြတယ်
သူတို့ကိုယ်တိုင်က
တစ်ခြားတစ်ယောက်ကို ချစ်နေကြတယ်။
တစ်ချို့လူတွေက
သင့်ဆီက ဂရုစိုက်မှု့တွေလိုချင်ကြတယ်
သူတို့ကိုယ်တိုင်က သင့်ကိုဂရုမစိုက်ချင်ကြဘူး။
တစ်ချို့လူတွေက
သင့်ဆီက ယုယမှု့တွေတောင့်တကြတယ်
သူတို့ကိုယ်တိုင်က ယုယတတ်ဖို့ စိတ်မပါဘူး။
တစ်ချို့လူတွေက
သင့်ဆီကအပြုံးကိုလိုချင်ကြတယ်
သူတို့ကတော့ ပြုံးပြဖို့ ဝန်လေးတတ်ကြသူတွေ။
တစ်ချို့လူတွေက
သူတို့ပြောတာကိုပဲနားထောင်စေချင်တယ်
သင်ပြောတာကိုတော့.... အကုန်ပယ်ချတယ်။
တစ်ချို့လူတွေက သင့်ဆီက အလိုက်သိမှုတွေကို လိုချင်ကြတယ် သူတို့ကိုယ်တိုင်ကတော့
မသိသလိုနေတတ်တယ်။
စိတ်ချမ်းသာချင်တယ် ဆိုရင်တော့
ဆုံးဖြ တ်ချက်တွေ ပြ တ်သားရပါလိမ့်မယ်။
ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်း ဆိုတာက
လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့်အရာပါ
လူတိုင်းမှာ
ချို့ယွင်းချက်ဆိုတာ ရှိပြီသားမို့
ခွင့်လွှတ်နားလည်ပေးနိုင်ပါစေ။
အဆုံးရှုံးမခံနိုင်ရင်
ခွင့်လွှတ်နားလည်ပေးနိုင်အောင် ကြိုးစားပါ
သံသယတွေနဲ့တော့မဆက်ပါနဲ့
ပိုပြီး နာကျင်ရလိမ့်မယ်။
ခွင့်လွှတ်နားလည်ပေးနိုင်စွမ်း
မရှိတော့ဘူးဆိုရင်တော့
စွန့်လွှတ် နိုင်အောင် ကြိုးစားပါ
ဆုပ်ကိုင်ထားနေသမျှ ခံစားရလိမ့်မယ်။
ကိုယ့်ဆီမှာ မနေချင်တော့တဲ့သူတစ်ယောက်ကို ဘယ်တော့မှ တားဆီး ချု ပ်ကိုင်လို့မရနိုင်သလို ကိုယ့်စေတနာကို နားမလည်တဲ့သူဟာလည်း ဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး။
ပေါင်းသင်းဆက်ဆံရေးဆိုတာ
ခွင့်လွှတ်နားလည်ပေးနိုင်စွမ်းရှိမှ ခိုင်မြဲနိုင်တာပါ။
#credit.