Nov 12 ရက်နေ့ နေ့ခင်း ကမ္ဘာ့ရွှေဈေး 2600 အောက်သို့ စတင်ရောက်ရှိ
ပြီးခဲ့တဲ့ အပတ် US ရွေးကောက်ပွဲအပြီး ထဲက
ကမ္ဘာ့ရွှေဈေးဆက်တိုက်ထိုးကျပြီး ပြန်တက်မလိုနဲ့ အခု ဒီနေ့ Nov 12 ရက်နေ့ မှာတော့ 1 အောင်စကို $2600 အောက်သို့ စတင်ရောက်ရှိခဲပြီပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကျလာသလို ပြည်တွင်း ရွှေဈေးလဲ အထိုက်အလျောက် လိုက်ကျလာကာ အခုဒီနေ့နေ့လယ်မှာတော့ ၁၆ ပဲရည် တစ်ကျပ်သားကို သိန်း ၆၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတာပဲဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ ဘယ်လောက်ထိ ဆက်လက်ပြုတ်ဆင်းနေအုန်းမလဲကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်
ဒီထက်ထပ်ပြုတ်ဆင်းအုန်းမယ်ဆိုရင် မကြာခင်မှာ ပြည်တွင်းရွှေဈေး သိန်း ၆၀ အောက်ကို စတင်ရောက်ရှိတော့မှာဖြစ်ပါတယ်။
ဒေါ်လာဈေးကတော့ 4400 - 4500 ဝန်းကျင်မှာရှိနေပါတယ်
Credit - Myanmar market Price
#သတင်းဟင်းလေးအိုးကြီး