ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူ ၁၀ ဦး ထက်မနည်း ပျောက်ဆုံးနေ

နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာက ကျောက်တူးဖော်တဲ့လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့တာကြောင့် ‌လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတချို့အပြောအရ ဘီဘီစီက ကနဦး သိရပါတယ်။

မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်တူးဖော်တဲ့နေရာမှာသုံးတဲ့ စက်ယန္တရား ၂ စီးလည်း ပြိုကျတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့သူတွေကို အဲဒီလုပ်ကွက်တာဝန်ရှိသူတွေက တာဝန်ယူရှာဖွေပေးနေတာလည်း မရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ရှာဖွေခိုင်းတာလည်းမရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကတော့ “လုပ်ကွက်တာဝန်ရှိသူတွေက သတင်းတွေကို ဖုံးထားတဲ့သဘော၊ လူမှုကွန်ရက်မှာလည်း လူတွေပျောက်ဆုံးတဲ့သတင်း မတင်ဖို့ တားမြစ် ထား မြစ်ထားတယ်လို့ သိရပါတယ်။ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းတာလည်း မရှိသေးဘူး” လို့ သူက ပြောပါတယ်။

ဖားကန့်မြို့ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေမှာ မြေစာပုံပြိုကျမှုတွေဖြစ်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

#centralnewsnaypyitaw

image