ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်နဲ့ တွေ့ရတာ
သိပ်ကို ကြောက်စရာကောင်းပါတယ် ။
ခင်ဗျားဟာ အဲ့ဒီ့လူကို အရမ်းတွယ်တာသွားလိမ့်မယ် ။
ခင်ဗျားဟာ မနက်နိုးထတိုင်း
သူနဲ့ပဲ အရင် စကားပြောချင်မယ် ။
ညအိပ်ယာ ဝင်တိုင်းလဲ
သူနဲ့ပဲ နောက်ဆုံး စကားပြောချင်မယ် ။
အဲ့ဒီ အချိန်တွေမှာတော့
ခင်ဗျားရဲ့ တစ်နေ့တာဟာ
ပျော်ရွှင်စရာတွေနဲ့ စတင်ပြီး
ပျော်ရွှင်စရာတွေနဲ့ပဲ အဆုံးသတ်နေလိမ့်မယ် ။
တွေးကြည့်ရင် ပျော်စရာကြီးပေါ့ဗျာ ။
ဒါပေမယ့် တစ်နေ့နေ့မှာ
ခင်ဗျားဘဝထဲက သူထွက်သွားမယ်ဆိုရင် ..
-မိုးနေ့