"ဇေယျာပူရမြို့ရဲ့.ကျက်သရေဆောင် မြန်မာ့ရက္ကန်းလုပ်ငန်း"
🎶ရွှေချည်ငွေချည်တန်းပါလို့ ..ရက္ကန်းရွှေစင် တန်းရွှေစင်..
ရွှေချည်ငွေချည်တန်းပါလို့ ..ရက္ကန်းရွှေစင် တန်းရွှေစင်..
ဘယ်သူဘယ်သူဝင်ကာမှချည်ငင်ထွေး ရှင်းနိုင်ပါ့မရှင် ..ရှင်းနိုင်ပါ့မရှင်..
ရက္ကန်းစင် ... အကွက်ဆန်းထွင်...ပျို့မောင်ကြီးကိုယ်ရောင်ဖွားနဲ့ တော်လိုက်မယ့်အဆင်ယဉ်သလေ .. 🎶
သီချင်းထဲကလိုပါပဲ ..မြန်မာနိုင်ငံရဲ့မြို့အတော်များများမှာ ပိုးထည်၊ချည်ထည်ရက္ကန်းလုပ်ငန်းကို ရက်လုပ်ကြသလို စစ်ကိုင်းမြို့တွင်လဲ ရက္ကန်းလုပ်ငန်းကို ရှေးဘိုးဘွားအဆက်ဆက်မှ လက်ဆင့်ကမ်းအမွေအဖြစ်ရယူပြီး ယခုအချိန်ထိ ဆက်လက်လုပ်ကိုင်သူတွေရှိနေကြပါတယ်။
အထည်ချောရက်လုပ်သောအတတ်သည် ဗုဒ္ဓသာသနာတော်နှင့်အတူ အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံသို့ ရောက်ရှိလာတယ်လို့ ယူဆရမှာပါ။
ထိုကဲ့သို့ ယဉ်ကျေးမှုများ ဖြစ်ပေါ်လာသည့်အချိန် မြန်မာအိမ်ရှင်မများဟာ ရက္ကန်းရက်ခြင်းနှင့်အတူ အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်လေ့ ရှိကြပါတယ်။ထို့သို့ ရှေးမြန်မာတို့ရဲ့စိတ်နေစိတ်ထား ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည်နှင့်အညီ ဗိုင်းငင်ခြင်း၊ ရက္ကန်းရက်ခြင်း စသည့်လုပ်ငန်းများသည်လည်း ရှေးအခါက အထက်တန်းကျကျ တည်ရှိခဲ့ဘူးသည်ဟု ဆိုရပေမည်။
စစ်ကိုင်းမြို့ပေါ်မှာလဲ ပိုးချိတ်ရက္ကန်း လုပ်ငန်းကို လုပ်ကိုင်နေကြပြီး အဖိုးတန်ပိုးစစ်ချိတ်အထည်များကို ထုတ်လုပ်ကာလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများရှိနေပါတယ်။
ကုန်ကြမ်းများကိုမန္တလေး(အမရပူရ)မှ ဝယ်ယူရာတရုတ်မှဝင်သော“ပိုး”ကို အသုံးပြုပြီး ပိုးချိတ် တစ်ထည်ရက်လုပ်ရန် တစ်စင်လျှင် ရက္ကန်းရက်သူ (၂)ဦး ဖြင့် ရက်လုပ်ရာ အချိန် (၁)လ သို့မဟုတ် (၁)လခွဲ ခန့်ကြာပြီး ကြိုက်နှစ်သက်ရာ ဒီဇိုင်းများရေးဆွဲ၍ ကွန်ပျူတာဖြင့် ဒီဇိုင်းဖော်ရက်လုပ်သော ပိုး(ထိုင်း)ချိတ်ထည် များမှာ ပို၍ငွေအရင်းအနှီး ကုန်ကျကြောင်း သိရှိရပါတယ်။
ယခုအခါ ရှေးရှေးသောအခါက ပေါ်ပေါက်ခဲ့တဲ့ ဗိုင်းငင်ခြင်း၊ ရက္ကန်းရက်ခြင်း စသော လုပ်ငန်းများသည်လည်း တစ်စထက် တစ်စ လက်ဆင့်ကမ်းမှုလျော့နည်းလာခဲ့ရာ တန်ဖိုးထားထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်ကာ ပုံဖော်တင်ဆက်လိုက်ရပါတယ်။
#ancient
#history
#culture
#heritage
#frankiestories