1 w - Translate

စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အမျိုးသမီး ခ ရစ်ကက်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN'S CRICKET CHAMPIONSHIPS 2024 ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ခရစ်ကက် အမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၁ ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာ့လက်ရွေးစင်ခရစ်ကက် အမျိုးသမီးအသင်းအား မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ အားကာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်း၊ အားကာပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က ကြိုဆိုနူတ်ဆက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ခရစ်ကက် အမျိုးသမီးအ သင်းသည် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ ရက်မှ ၃၀ ရက်အထိကျင်းပခဲ့သည့်ပြိုင်ပွဲ၌ စင်္ကာပူအသင်း၊ ကူဝိတ်အသင်းတို့နှင့် (၃)သင်းပတ်လည်ယှဥ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင် ကူဝိတ်အသင်အားအနိုင်ရရှိကာ ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ ရက်မှနိုဝင်ဘာ ၁၀ ရက်အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN'S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင်ခရစ်ကက် အမျိုးသမီးအသင်းသည် တရုတ်အသင်း၊ ဟောင်ကောင်အသင်း၊ မွန်ဂိုလီးယားအသင်းတို့နှင့်ရှုံးထွက်ပွဲစဥ်များယှဉ်ပြိုင်ကစားပြီးနောက် တတိယဆုရရှိခဲ့ကြောင်း သိရသည်။

image