Hearty Heart ရဲ့ Red Collagen Series ကို မနှစ်ကတုန်းက review ရေးပေးခဲ့ဖူးတယ် ၊ အဲ့ဒီအချိန်တုန်းက ဒီ Series ထဲမှာ Cleanser ပါစေချင်ခဲ့တာ အခုတော့ Cleanser ပါ ထွက်လာပြီ !!!!
မနှစ်ကထွက်ခဲ့တဲ့ Toner , Serum , Moisturizer တွေတုန်းက အဆင်ပြေခဲ့တယ်ဆိုတော့ ၊ Cleanser မှာရော အခြေအနေဘယ်လိုရှိမလဲ ???
[: Hearty Heart Red Collagen Facial Foam 🙂
ဒီ Facial Foam မှာတော့ Ingredients တွေကနေစပြီး ပြောချင်တယ် ၊ Cleanser အတွက် တစ်နှစ်လောက်အချိန်ယူခဲ့ပြီး ထွက်လာတဲ့အချိန်မှာလည်း ingredients လေးတွေသေချာထည့်ပေးလာတာတွေ့ရတယ်
✔️ Red Collagen Facial Foam မှာတော့ Niacinamide , Hyaluronic Acid နဲ့ Red yeast rice (အနီရောင် တစေးဆန်)လို့ခေါ်တဲ့ Main Ingredient (3)မျိုး ပါလာတယ်
✔️ Red Yeast Rice က အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ် ၊ သူ့ကို Went Yeast လို့လည်းခေါ်ကြတယ် ၊ Monascus purpureus လို့ခေါ်တဲ့တစေးတမျိုးကိုအချဉ်ဖောက်ပြီးဆန်နီနဲ့ပြုလုပ်ထားတာပါ ( အဲ့ဒါကြောင့် အနီရောင်တစေးဆန်လို့ခေါ်ကြတယ် )
Red Yeast Rice တွေက cleansing အားကောင်းလို့ Cleansing Oil , Cleansing Water နဲ့ Cleanser လိုမျိုး cleansing step products တွေမှာထည့်သုံးကြတယ်
Red Yeast Rice ရဲ့ benefits တွေက anti-aging , hydrating , whitening & skin barrier strengthening တွေကိုလုပ်ပေးနိုင်တယ်
✔️ Hyaluronic Acid ကတော့ အသားကိုရေဓာတ်ဖြည့်ပေးနိုင်ပြီး Niacinamide ကတော့ အသားရေညီပြီးချွေးပေါက်တွေကျဉ်းလာစေတယ်
အဲ့ဒါအပြင် Myristic acid တို့လို cleansing လုပ်တဲ့နေရာမှာ powderful ဖြစ်တဲ့ ingredients တွေ နဲ့ brightening ဖြစ်စေတဲ့ citric acid တို့လို ingredients တွေထည့်ထားတာလည်းတွေ့ရတယ် ၊ Collagen အမျိုးအစားကလည်း (10% Vegan Collagen ဖြစ်သေးတယ်
Ingredients တွေအနေနဲ့ကတော့ အတော်လေးသဘောကျဖို့ကောင်းပြီး အားရတဲ့အထဲမှာပါတယ်
✔️ User Experience အနေနဲ့ထပ်ပြောရမယ်ဆိုရင် အသားရေကြည်ပြီးဖွေးလာတယ် ၊ မျက်နှာသစ်ပြီးသွားရင် အသားရေကပြောင်ပြောင်တင်းတင်းနဲ့ စိုစိုအိအိလေးကျန်ခဲ့တယ် ၊ အသားရေခြောက်သွားတာမျိုးမရှိဘဲ Moisturizing အားအတော်လေးကောင်းတယ်
ဒီနေရာမှာတစ်ခုရှိတာကတော့ oily skin သမားတွေအတွက် စစသုံးချင်းမှာ deep cleansing မဖြစ်ဘူးဆိုတဲ့ခံစားချက်ကိုရလိမ့်မယ် ၊ ဒါပေမယ့်သုံးနေရင်း တပတ်လောက်ကျော်သွားရင်တော့ အသားကျသွားပြီး သုံးရတာအတော်လေးအဆင်ပြေသွားတယ်
All skin types လို့ပြောထားပြီး moisturizing အားအတော်လေးကောင်းတယ် ၊ dry skin , combination skin & oily skin တွေအတွက် နေ့ညသုံးလို့အဆင်ပြေပေမယ့် super oily skin တွေကတော့ morning cleanser အနေနဲ့ဘဲ သုံးတာ ပိုအဆင်ပြေလိမ့်မယ်
✔️ အနံ့ပိုင်းကတော့ toner , serum & moisturizer နဲ့အတူတူဘဲ ၊ သင်းသင်းလေးနဲ့ စိတ်ကြည်စေတဲ့အနံ့မျိုးလေးမို့ သဘောကျတယ်
Texture ပိုင်းအနေနဲ့ကတော့ Red yeast rice နဲ့ လုပ်ထားတာရော collagen ပါတဲ့အတွက်ရော milky creamy texture မျိုးဖြစ်နေပြီး အမြုပ်ကတော့ အရမ်းမထွက်ဘူး
Alcohol Free , Paraben Free & Sulfate Free
တွေပါတဲ့အတွက် irritation ဖြစ်တဲ့ skin တွေပါ သုံးလို့ရတယ် ၊ အရင် red collagen series ကို သုံးဖူးတဲ့သူဆိုရင် cleanser ကိုလည်း သုံးကြည့်သင့်တယ်
✔️ (9G ပါပြီး စျေးနှုန်းက (1625Ks ဘဲ ရှိတယ် ၊ ဒီခေတ်ဒီအခါစျေးနှုန်းမှာတော့ Budget Save ဖြစ်တဲ့ products တွေလို့ ပြောလို့ရနေသေးတယ်
▪️Rating - 8/10
#heartyheart #heartyheartredcollagenseries
#heartyheartredcollagenfacialfoam
#reviewbyaustin
#reviewbyaustinthet
#austin #austinthet
#crd