FIFA က အင်ဒိုနီးရှားအသင်းကို ပြစ်ဒဏ်များ ချမှတ်
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့်ပွဲစဉ်များအတွင်း အင်ဒိုနီးရှား လက်ရွေးစင်ဘောလုံးအသင်း၏ ပွဲစဉ် နောက်ကျမှုများအပါအဝင် ဖြစ်စဉ် (၄)ခု ကျူးလွန်မှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားအသင်းကို ပြစ်ဒဏ်ချမှတ်ရသည့် ကျူးလွန်မှုများမှာ စက်တင်ဘာ (၁၀) ရက်က ဩစတြေးလျအသင်းနှင့် ကစားမည့်ပွဲစဉ် နောက်ကျသဖြင့် ကနဦး သတိပေးခံရခြင်း၊ အောက်တိုဘာ (၁၅) ရက်က တရုတ်အသင်းနှင့် ကစားမည့်ပွဲစဥ်အတွင်း ကွင်းအတွင်းနောက်ကျ၍ ရောက်ရှိခြင်းအတွက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ (၁၁,၀၀၀) ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ အောက်တိုဘာ (၁၀)ရက်က ဘာရိန်းအသင်းဖြင့် ကစားသည့် ပွဲစဥ်အတွင်း အသင်းမန်နေဂျာ Sumardji ၏ အပြုအမူများကြောင့် ဒဏ်ကြေး အမေရိကန်ဒေါ်လာ (၆၀,၀၀) ချမှတ်ခံခဲ့ရပြန်သည်။
ထို့တူ ဘာရိန်းနှင့် ကစားသည့်ပွဲစဉ်အတွင်း၌ပင် ကစားသမား၏ လုပ်ရပ်ကြောင့် လက်ထောက်နည်းပြ Kim Jong-jin ကိုလည်း ဒဏ်ကြေး ဒေါ်လာ (၅,၇၀၀) နှင့် (၄)ပွဲပယ် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။