23 ပတ် - ဘာသာပြန်ပါ။

ဝမ်းပန်းတသာ
ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။

လှိုက်လှိုက်လှဲလှဲ
နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ။

ဖော်ဖော်ရွေရွေ မရှိတဲ့
အပေါင်းသင်းတွေကြား မသွားပါနှင့်။

အဆင့်အတန်းခွဲတတ်တဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ဖြတ်ပါ။

ဝတ်ကျေတန်းကျေ
ဖိတ်ကြားခြင်းတွေကို ဥပေက္ခာပြုပါ။

မျက်နှာလိုက်တဲ့
အသင်းအဖွဲ့တွေထဲ မဝင်ပါနှင့်။

ရင်ထဲကမပါတဲ့
အပြုံးတွေအတွက် မခံစားပါနှင့်။

ဒီလောက်ဆိုရင်
သင် ... အရွယ်တင်နုပျို စိတ်ချမ်းသာမှာ သေချာပါတယ်။
..
..
#credit original

image