ဘယ်တော့ မှ ပြန်မဆုံနိုင်တော့ဘူး
ဘယ်တော့မှလည်း
ဆက်သွယ်လို့ မရတော့ဘူး
မြင်နေရင်တောင် မျက်နှာလွဲလိုက်ရမယ့်
ပတ်သက်မှုတွေ .. ။
အဆင်ပြေလား နေကောင်းလား
မေးခွင့်မရှိတော့သလို
အနီးဆုံးမှာလည်း နေခွင့်မရှိတော့ဘူး .. ။
ဒီဘဝတော့ ဒီမျှပဲပေါ့တဲ့ ..
ဒီ ကမ္ဘာမြေပေါ် ခြေစုံရပ်နေကြတာချင်းအတူတူ
ဘဝတွေ မတူတော့တဲ့အခါ
ဘယ်နေရာရောက်ရောက်
ဘယ်သူနဲ့ရှိရှိ
ကိုယ့် ကျန်းမာရေးသာ ကိုယ်ဂရုစိုက်
ကိုယ့် ရှေ့ရေးအတွက်သာ ကိုယ်တွေးပူ ..
အဆင်ပြေအောင် နေပါ
ကိုယ်တိုင် လည်း အဆင်ပြေအောင်နေမယ် ..
ကျောချင်းကပ်နေတဲ့ ဆက်ဆံရေးတွေဟာ
အဝေးကွာဆုံး ဝေးကွာမှုပဲ မဟုတ်လား ..
ဒီဘဝ ဒီမျှနဲ့ပဲ ..
ဒီမျှပဲ .. ဒီဘဝတော့
ဒီလောက်ပါပဲ ။
#သက်ထားခင်thk
#ရှင်ကွဲမို့ပိုရင်ကွဲရတယ်