အကောင်းဆုံးခြေစွမ်းပြန်ရရန် အချိန်မီသေးဟု နည်းပြ ဂွါဒီယိုလာ ပြော
မန်စီးတီးအသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းပြန်ရဖို့ အချိန်မီသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီနောက် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။
ကစားသမားတွေရဲ့ ခြေစွမ်းအကောင်းဆုံး မဟုတ်သေးတာကို နည်းပြဂွါဒီယိုလာက လက်ခံ သဘောတူပေမဲ့ နိုဝင်ဘာလထဲမှာပဲ ရှိသေးတဲ့အတွက် ဘာမှပြောလို့မရသေးကြောင်း အသင်းရဲ့ အကောင်းဆုံးခြေစွမ်း ပြန်ရဖို့အတွက် အချိန်မီသေးကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၁ က လီဗာပူးနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
DVB