1 w - Translate

ကြိုပြီး ပြင်ဆင်ထားတဲ့ Deep fake ကိုမှ AI နဲ့ ပါ interaction လုပ်လို့ရလာတဲ့အခါ နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိထားကြဘို့လိုပြီ
===============================================
⛔ ကြောက်စရာကောင်းလာတဲ့ AI တော်တော်လေးသတိထားရတော့မယ်⛔
🛑 cbကနေပို့တဲ့ linkတွေထဲလုံးဝမဝင်ကြပါနဲ့နော်🛑
အမေမဟုတ်သောအမေ
-------------------------------
ဖုန်းက အချက်ပေးသံ မြည်လာသဖြင့် သူက ဖုန်းကိုကောက်ကြည့်လိုက်သည်။
Video Call ဖြင့် ခေါ်ဆိုနေခြင်းဖြစ်သည်။
သူက လိုင်းဖွင့်လိုက်သည်။ တစ်ဖက်က ခေါ်နေသူမှာ သူ့အမေ ကိုယ်တိုင်ဖြစ်သည်။
“အမေ ...”
သူကဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“သား ... အဲဒီမှာ ဘယ်အချိန်ရှိပြီလဲ”
“ဒီမှာ ညနေ ၅ နာရီခွဲအမေ”
“အမေတို့ဆီမှာ မနက်ခင်းသား”
“အမေ့ကိုကြည့်ရတာ တစ်မျိုးပဲ ... နေမကောင်းဘူးလား”
“ဟုတ်တယ်သား ... အမေ မနေ့က ဆေးသွားစစ်တယ်”
“ဘာတွေ့သလဲအမေ”
“အမေ့မှာ နှလုံးက အခြေအနေမကောင်းတော့ဘူးတဲ့သား ... အဲဒါ နှလုံးက စက်ထည့်ရမယ်ပြောတယ်”
“အမေ့မှာ နှလုံးရောဂါရှိတယ်လို့ မကြားမိပါဘူး”
“အမေ မောနေတာကြာပြီ။ တစ်လောကဆို အတော်လေးဖြစ်လိုက်တာ။ သေရောအောင့်မေ့တာ”
“ဘာဖြစ်လို့ သားဆီကို အကြောင်းမကြားရတာလဲ”
“သားက အားမှာမှ မဟုတ်တာကွယ်။ ပြီးတော့ ပြန်လာနိုင်မှာလည်း မဟုတ်ဘူးလေ”
“ဘာဖြစ်ဖြစ်ပေါ့အမေရယ် ... သားသိသင့်တာပေါ့။ အမေ ... အဲဒီ နှလုံးစက်ထည့်တာ ဘယ်လောက် ကုန်မလဲ ဟင်”
“သေသေချာချာတော့မသိဘူးသားရေ ... ဆရာဝန်ကတော့ သိန်း ၁၀၀ လောက် အရင်ဆုံး အသင့်ဆောင် ထားပါလို့တော့ ပြောတာပဲ။ သားကို ပြောရတာ အားနာလိုက်တာကွယ်”
“ဘယ်တတ်နိုင်မှာလဲ အမေရယ် ဖြစ်လာမှတော့။ သား ပိုက်ဆံရှာပြီး ပို့လိုက်မယ်။ အရင်ထုတ်နေကျ နေရာမှာ သွားထုတ်လိုက်နော်”
“သားရေ ... အဲဒီကိုမပို့နဲ့တော့”
“ဘာဖြစ်လို့လဲ အမေ”
“အခြေအနေတွေက မကောင်းဘူး။ တခြားတစ်နေရာကိုပို့ပါလား။ အမေ ဆက်သွယ်ရမယ့် နေရာကို ပြောမယ်”
“ပြောအမေ ... သားလိုက်မှတ်ထားလိုက်မယ်”
“----------------------------“
“ရပြီအမေ”
“ဘယ်လောက်ကြာမလဲသား”
“နှစ်ရက်လောက်တော့ စောင့်ပါအမေ”
“အေးပါကွယ်”
“ထူးခြားတာရှိရင် သားဆီကို လှမ်းပြောဦးနော်”
“အေးပါသားလေး ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... ဘေးကင်းပါစေကွယ်”
“အမေ့ကို ဒီကပဲ ကန်တော့လိုက်ပါတယ်”
နောက်သုံးရက်ခန့်အကြာတွင် သားဖြစ်သူက သူ့မိခင်ထံ Video Call ခေါ်သည်။
“အမေ”
“ဟေ သားလေး ... နေကောင်းတယ်နော်”
“ကောင်းတယ် ... အမေရော”
“ကောင်းတယ် ... ကောင်းတာမှ ဒေါင်ဒေါင်မြည်နေတာပဲ”
“အမေကတော့ နောက်ပြီ ... နေမကောင်းလို့ နှလုံးစက်ထည့်ရမယ်ဆို"
“ဟယ် ... ဘယ်တုန်းကပြောမိလို့လဲ”
“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲလေ ... အမေပဲ ဆေးစစ်တာ နှလုံးစက်ထည့်ရမယ်ဆိုလို့ သား သိန်း ၁၅၀ လွှဲ လိုက်တယ်လေ”
“သားရေ ... မနောက်နဲ့ကွယ် ... အမေ နှလုံးဘာမှလည်း မဖြစ်ဘူး။ စက်လည်း မထည့်ရဘူး"
“အမေပဲ သားကို Video Call နဲ့ပြောတာလေ”
“အမေသားနဲ့ ခုမှ အဆက်အသွယ်ရတာပါကွယ်”
“အမေပဲ အရင်ငွေသွားထုတ်တဲ့နေရာကို မသွားနဲ့ နောက်တစ်နေရာမှာ ထုတ်ရမယ်ဆိုပြီး ဆက်သွယ်ရမယ့် နေရာကို ပေးသေးတယ်လေ”
“သားရယ် ခုမှ သားနဲ့ စကားပြောရတာပါ”
ဤဇာတ်လမ်းသည် ကျွန်တော့်စိတ်ကူးနှင့် ရေးခြင်းဖြစ်သည်။ အဖြစ်အပျက်ကတော့ အမှန်အတိုင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် AI စနစ်ဖြင့် ငွေလိမ်သည့်လုပ်ငန်းတွေ စတင်လာပြီဆိုခြင်းကို သတင်းတစ်ခုတွင် ဖတ်လိုက် ရသည်။
AI အစွမ်းကမည်မျှထက်လာသနည်းဆိုလျှင် တစ်ဖက်က သားဖြစ်သူ၏ မိခင်အရင်းပုံစံအတိုင်း မျက်နှာသွင်ပြင် တို့ကို ပုံဖော်နိုင်သည့်အပြင် အသံကတည်း တစ်ပုံစံတည်းဖြစ်အောင် ဖန်တီး၍ရလာသည်။ ကင်မရာ အထူးပြုလုပ်ချက်များနှင့် ပုံဆင်ဆင်တစ်ယောက်ကို မိမိတို့လိုချင်သည့် သူဖြစ်အောင် ရုပ်ရော အသံပါ ပြောင်းလဲ ပေးနိုင်သော စနစ်တွေ AI တွင် ရလာပြီဖြစ်ကြောင်းကို Talent Show တွေမှာလည်း အံ့အားသင့်စရာ တွေ့လာရသည်။
ဒိုင်လူကြီးတွေ၏ ရုပ်သံအတိုင်း လူစားထိုးကာ မြင်ကွင်းပေါ်တွင် သီချင်းဆိုနေသည့် ပုံတွေကို Britain Got Talent တွင်ကြည့်ဖူးသည်။ ပရက်စလေအတိုင်း ရုပ်ရော အသံရော ဟန်အမူအရာနှင့်ပါ သရုပ်ဆောင်ပြီး သီချင်း ဆိုပြသည်ကိုလည်း ကြည့်ဖူးသည်။
အိန္ဒိယရုပ်ရှင်ကားတစ်ကားတွင်လည်း ရုပ်ရှင်မင်းသား၏ ငယ်ရုပ်ကို ကင်မရာလှည့်စားချက်နှင့် အခြား ကိုယ်ပွား တစ်ခုအဖြစ် ဖန်တီးရိုက်တာကိုလည်း ကြည့်ဖူးသည်။
နည်းပညာတိုးတက်နေသည့် ခေတ်ကြီးတွင် ဘာကိုမျှ ယုံစားရန်မဖြစ်နိုင်တော့။
Video Call ခေါ်ပြီး မျက်နှာချင်းဆိုင် တွေ့ရတိုင်း အစစ်အမှန် ဟုတ်မဟုတ်ဆိုသည်ကို သံသယဖြစ်ရမည့် ခေတ်ကိုရောက်လာပြီ။
(Ref: India Times)
တင်ညွန့်
၁၀.၁၁.၂၀၂၄
Credit

image