NSA ၏ ၂၀၂၄ ခုနှစ် ပထမနှစ်သင်တန်းသို့ ကျောင်းသား ၈၀၀ ကျော် တက်ရောက်ခွင့်ရ
Naypyitaw State Academy (NSA)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ် သင်တန်းများကို ဘာသာရပ်အလိုက် ဝင်ခွင့်ရရှိသူ ၈၁၃ ဦး ရှိကြောင်း သိရသည် ..
အထူးပြုဘာသာရပ်အလိုက် -
၁) ဆေးပညာ ၆၂ ဦး
၂) ဥပဒေပညာ (LL. ၃၄ ဦး
၃) ဥပဒေပညာ B.A(Law) ၃၂ ဦး
၄) ဒဿနိကဗေဒ ၅၀ ဦး
၅) နိုင်ငံတကာဆက်ဆံရေးပညာ ၅၀ ဦး
၆) မြန်မာစာ ၅၀ ဦး
၇) အင်္ဂလိပ်စာ ၅၀ ဦး
၈) သင်္ချာ ၅၀ ဦး
၉) ဓာတုဗေဒ ၅၀ ဦး
၁၀) ရူပဗေဒ ၅၀ ဦး
၁၁) စီးပွားရေးပညာ ၁၀၅ ဦး
၁၂) စီးပွားရေး B.A(Eco) ၅၀ ဦး
၁၃) ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ ၃၃ ဦး
၁၄) လူမှုရေးပညာ ၄၇ ဦး
၁၅) ပထဝီဝင် ၅၀ ဦး
၁၆) သမိုင်း ၅၀ ဦး တို့ကို လက်ခံသင်ကြားသွားမည် ဖြစ်သည် ..
NSA သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ တတိယနှစ် သင်တန်းများကို စတင်သင်ကြားခဲ့သည် ..
တစ်နှစ်ပြီးတစ်နှစ် သင်တန်းနှစ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားလျက်ရှိပြီး မဟာတန်းများ၊ ပါရဂူတန်းများအထိပါ ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိသည် ..
Naypyitaw State Academy ၏ အမှတ်တံဆိပ် ဆောင်ပုဒ်ကို “ ပညာဧဝ အဓိပတိ” ဟု သတ်မှတ်ထားပြီး အဓိပ္ပါယ်အားဖြင့် “ပညာသည်သာ အရှင်သခင်၊ ပညာသည်သာ အကြီးအမှူး၊ ပညာသည်သာ ဦးဆောင်သူ”ဟု ဖြစ်သည်။
#သတင်းဟင်းလေးအိုးကြီး