ယူကရိန်း ဒရုန်း ၉၆ စင်းခန့်ကို ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်
ရုရှားနိုင်ငံကောင်းကင်ယံတွင် ပျံသန်းခဲ့သော ယူကရိန်း မောင်းသူမဲ့လေယာဉ်ကို ၉၆ စင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
မော်စကိုဒေသအထက်တွင် ဒရုန်းအများစုကို ပစ်ချခဲ့ခြင်းစြစ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။
Bryansk ဒေသတွင် ၁၇ ခု၊ Rostov ဒေသတွင် ၃ ခု၊ Belgorod ဒေသတွင် ၂ ခုနှင့် Kursk ဒေသတွင် တစ်ခုအပါအဝင် ယူကရိန်း ဒရုန်း ၂၃ စင်းကို ယမန်နေ့ညက ကြားဖြတ် ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယင်းနေ့ နံနက် ၇း၀၀ မှ ၁၀း၀၀ နာရီအထိ မော်စကိုစံတော်ချိန် (၄း၀၀ မှ ၇း၀၀ နာရီအထိ)တွင် လေကြောင်းရန်ကာကွယ်ရေးတပ်များသည် မော်စကိုဒေသပေါ်မှ ပျံသန်းသော ယူကရိန်း ဒရုန်း ၃၄ စင်းအပါအဝင် Bryansk ဒေသတွင် ၁၄ စင်း၊ Oryol နှင့် Kaluga ဒေသနှင့် ၁စင်းစီ၊ Kursk ဒေသတွင် ၆စင်းနှင့် Tula ဒေသတွင် ၂စင်းတို့ကို ကြားဖြတ်ပစ်ချဖျက်ဆီး နိုင်ခဲ့သည်။
ထို့အပြင် ည ၉း၂၅ နာရီမှ ၁၁း၀၀ နာရီအထိတွင်လည်း ညနေ (၆း၂၅-၈း၀၀)နာရီအချိန်ခန့်တွင် Belgorod ဒေသနှင့် Kursk ဒေသအထက်တွင် ယူကရိန်းဒရုန်း ၂စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။