မျှော်လင့်ချက်တွေပေးလိုက်
ပြီးတော့ မေ့သွားလိုက်နဲ့
ကတိတွေ ပေးလိုက်
ပြီးရင်ဖောက်ပျက်လိုက်နဲ့
ပြီးတော့လေ...မနာကျင်စေပါဘူးဆိုပြီး
မျက်ရည်ကျစေလိုက်နဲ့
ဒဏ်ရာ ဒဏ်ချက်တွေ မပေါ်ပဲ
စကားလုံးတွေနဲ့သတ်လို့ရပါတယ် ။
အဲ့ဒီ စကားလုံးတွေကြားမှာ
အသက်တွေ ရှုနေပေမယ့်
ဘဝတွေက
တကယ်ပဲ သေသွားတတ်တယ်။