1 w - Translate

ခြေစမ်းပွဲ ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ယ‌နေ့ ထွက်ခွာ

အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ခြေစမ်းပွဲယှဥ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ ယနေ့ နိုဝင်ဘာ (၁၁) ရက် နံနက်ပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်ပြီး ခြေစမ်းပွဲ (၁) ပွဲ ကစားပြီးနောက် နိုဝင်ဘာ (၁၄) ရက်တွင် ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲကို နိုဝင်ဘာ (၁၆) ရက်မှ (၂၁) ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲအဖြစ် နိုဝင်ဘာ (၁၆) ရက် မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲတွင် အိမ်ရှင် ဖိလစ်ပိုင်၊ နိုဝင်ဘာ (၁၇)ရက် မြန်မာစံတော်ချိန်နေ့လယ် (၂)နာရီခွဲတွင် ဗီယက်နမ်၊ နိုဝင်ဘာ (၁၈) ရက် မြန်မာစံတော်ချိန် ညနေ (၅)နာရီခွဲတွင် ထိုင်း၊ နိုဝင်ဘာ (၁၉)ရက် နေ့လယ် (၂)နာရီခွဲတွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲအား (၅)သင်း အုပ်စုပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယရအသင်းသည် ဗိုလ်လု ပွဲအဖြစ် လည်းကောင်း၊ အုပ်စု တတိယနှင့် စတုတ္ထရအသင်းသည် တတိယလုပွဲအဖြစ်လည်းကောင်း ကစားသွားမည်ဖြစ်သည်။

အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို လာမည့်နိုဝင်ဘာ (၂၁) ရက်တွင် ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

image