🙄 Are you kidding?
မင်း နောက်နေ တာလား။
😬 I was only kidding you.
ခင်ဗျား ကို ကျွန်တော် နောက်နေ တာပါ ဗျာ။
😠 Go on with you. I don't believe it.
သွားစမ်း ပါ။ မယုံပါ ဘူး။
☹️ Believe it or not. I don't care.
ယုံချင် ယုံ မယုံ ချင် နေပေါ့။ ငါတော့ ဂရု မစိုက် ဘူး။
🙄 You're pulling my leg, aren't you?
မင်း ငါ့ကို နောက်နေ တာ မဟုတ် လား။
🙂↔️ You shouldn't make fun of other people's mistakes.
တခြားသူ တွေ ရဲ့ အမှား ကို မင်း မလှောင် သင့်ဘူး ကွာ။
😬 I only did it for fun.
ကျွန်တော် ပျော်စေ ပျက်စေ သဘော မျိုး လုပ်လိုက် တာပါ။
😂 It's very funny.
သိပ် ရယ်ရ တာပဲ။
🤭 He's always joking.
သူက တော့ အမြဲ ရယ်စရာ ပြော နေတာ ပဲ။
🤨 It's no joking matter!
ဒါ နောက် စရာ မဟုတ်ဘူး ကွ။
😠 It's no joke.
ဒါ ရယ်စရာ မဟုတ်ဘူး(ပေါ့သေးသေးကိစ္စမဟုတ်ဘူး)။
😒 He can't take a joke.
(OR)
He doesn't see the joke.
သူက နောက်လို့ နောက်မှန်း သိတာ မဟုတ်ဘူး။
😀 They are having a joke.
သူတို့ ရယ်စ ရာ တွေ ပြောနေ ကြတယ်။
☹️ It's gone beyond a joke.
(OR)
It's taken too far.
ဒီလို နောက်တာ တော့ လွန်ပြီ ကွာ။
😡 You're going too far.
မင်းပြော တာ လွန် နေပြီ နော်။
နောက်နောက် ပြောင်ပြောင် အင်္ဂလိပ်စကား 🔰
Focal Myanmar မှ ဖော်ပြသည် 🔰
#crd