ကျယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်ပစ္စည်းများအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်
နိုဝင်ဘာ ၁၁
မြန်မာ-တရုတ်နယ်စပ်ရှိ ကျယ်ဂေါင်မှ ပြည်ဝင် ပြည်ထွက် ကုန်ပစ္စည်းများ အားလုံးသည် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရမှ ထုတ်ပြန်ထားသည်။
ဂိတ်အနေအထားအရ လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေး ယာဉ်များ (ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စသည်ဖြင့်) ကုန်စည်များကို ဖြတ်သန်းသွားလာခွင့် မပြုသော လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတွင်းသို့ သယ်ဆောင် ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မူဆယ်မြို့ရှိ ဆင်ဖြူပေါက်ဂိတ်မှ ကုန်ပစ္စည်းတင်သွင်းခွင့်ကို တရုတ်နိုင်ငံမှ ကန့်သတ်ထားသည်။
#သတင်းဟင်းလေးအိုးကြီး