1 w - Translate

နစက ဥက္ကဋ္ဌ ရှန်းကျန့်မြို့၌ နှစ် ၄၀ မြောက်အ ထိမ်းအမှတ်အဖြစ်ဖွင့်လှစ်ထားသည့် “The Tide Rises in the Pearl River Exhibition Center” အပါအဝင် စက်ရုံ၊အလုပ်ရုံများကိုလေ့လာခဲ့

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှန်းကျန့်မြို့၌ နှစ် ၄၀ မြောက်အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်ထားသည့် “The Tide Rises in the Pearl River Exhibition Center” အပါအဝင် စက်ရုံ၊အလုပ်ရုံများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌသည် နိုဝင်ဘာ ၉ ရက်က ရှန်းကျန့်မြို့ရှိ Hytera Communications Corporation Limited တွင် ကုမ္ပဏီမှထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် အသုံးဝင်မှုများ၊ အရေးပေါ်အခြေအနေများ၌ ဆက်သွယ်မှုမပြတ်တောက်စေရေး၊ ကဏ္ဍအလိုက်အခမ်းအနားကြီးများပြုလုပ်ရာတွင် ဆက်သွယ်မှုစနစ်လွယ်ကူမြန်ဆန်ချောမွေ့စေရေး ဆောင်ရွက်ခဲ့မှုများအတွက် ဆုတံဆိပ်များရရှိခဲ့မှု၊ ခေတ်အလိုက်ပြောင်းလဲတိုးတက်လာသည့် နည်းပညာနှင့်အတူ ဆန်းသစ်တီထွင်ထုတ်လုပ်ထားပြီး ဈေးကွက်အတွင်းဖြန့်ဖြူးပေးလျက်ရှိသည့် ဆက်သွယ်ရေးပစ္စည်းကိရိယာများကိုကြည့်ရှုလေ့လာပြီး သိရှိလိုသည်များနှင့်အကြံပြုချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကွမ်တုံပြည်နယ်၏ ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်စီးပွားရေးဆောင်ရွက်မှုများ အ ကောင်အထည်ဖော်ခဲ့သည့် နှစ် ၄၀ မြောက် အ ထိမ်းအမှတ်အဖြစ်ဖွင့်လှစ်ထားသော “The Tide Rises in the Pearl River Exhibition Center”ကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

ပြတိုက်အတွင်း၌ နှစ်အလိုက်ပြောင်းလဲလာသော ကွမ်ကျိုးလူနေမှုဘဝ၊ ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ကွမ်တုံပြည်နယ်၏ သင်္ကေတ၊ ၁၉၈၀ နောက်ပိုင်း ပြည်တွင်း/ပြည်ပတင်ပို့ရောင်းချလျက်ရှိသည့် ချည်ထည်ပြခန်းအပါအဝင် ကဏ္ဍစုံတွင်ဖွံ့ဖြိုးတိုးတက်လာသည့် မှတ်တမ်းဓာတ်ပုံများ၊ သရုပ်ပြပုံများ၊ အထူးစီးပွားရေးဇုန်စတင်ထူထောင်ခဲ့မှုမှတ်တမ်းများ၊ အခြေခံအဆောက်အဦစတင်ဆောက်လုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ပစ္စည်းများခင်းကျင်းပြသ ထားရှိမှုနှင့် ပြုပြင်ပြောင်းလဲမှုကာလတစ်လျှောက် ပါတီဗဟိုကော်မတီကချမှတ်ပေးခဲ့သော ပြုပြင်ပြောင်းလဲမှုနှင့်အဆင့်ဆင့်ပြောင်းလဲတိုးတက်လာမှု ပြခန်းများကို လေ့လာကြည့်ရှုခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည်ညပိုင်း၌ Civic Center တွင် LED Light Show ရောင်စုံမီးအလှများအား နည်းပညာအသုံးပြု၍ လူအများစိတ်ဝင်စားစေရန် ဆောင်ရွက်ထားရှိမှုကိုကြည့်ရှုလေ့လာပြီးနောက် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)မှတည်ခင်းဧည့်ခံသည့် ခရီးစဉ်ဂုဏ်ပြုညစာစားပွဲကိုတက်ရောက်ခဲ့သည်။

ထို့ပြင် ယနေ့ နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းကလည်း နစက ဥက္ကဋ္ဌသည် ရှန်းကျန့်မြို့ရှိ BYD မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီအားသွားရောက်လေ့လာရာ ကုမ္ပဏီမှ ၎င်းတို့ ထုတ်လုပ်ထားသည့် BYD-U9 မော်ဒယ်ဖြင့် သရုပ်ပြသခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကုမ္ပဏီပြခန်းအ တွင်း၌ ထုတ်လုပ်ထားသည့် ကားအမျိုးအစားများအား တစ်စီးချင်းစီ၊ မော်တော်ယာဉ်ဖွဲ့စည်းတည်ဆောက်မှုအစိတ်အပိုင်းများကို အပိုင်း လိုက်ခင်းကျင်းပြသထားမှု၊ နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ထုတ်လုပ်နေမှုအဆင့်ဆင့်အား ပုံစံငယ်ဖြင့်ပြသထားမှု၊ EV ရထားနှင့် ရ ထားတွင် ပါဝင်သည့်အစိတ်အပိုင်းများ၊ ပြည် တွင်း၊ ပြည်ပ၌ပြေးဆွဲလျက်ရှိမှုများ၊ ကုမ္ပဏီမှ ထုတ်လုပ်သုံးစွဲထားသည့် ဘထ္ထရီနှင့် ရိုးရိုးဘထ္ထရီတို့၏ ခံနိုင်ရည်စွမ်းရည်အား လက်တွေ့နှိုင်း ယှဉ်သရုပ်ပြသမှုတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

image