"နိုဝင်ဘာလ၁၀ရက်နိုင်ငံတကာသတင်းတိုများ"
၁။အင်ဒိုနီးရှားသမ္မတသစ်ပရာဘိုဝိုဆူဗီယန်တိုသည်သူ၏သမ္မတဘဝတွင်ပထမဆုံးခရီးအဖြစ်တရုတ်၊အမေရိကန်၊အင်္ဂလန်နိုင်ငံများသိုသွားရောက်မည်ဖြစ်ကာAPECနှင့်G20ထိပ်သီးညီလာခံများတက်ရောက်မည်ဖြစ်သည်။
၂။မြောက်ကိုးရီးယားကသောကြာနေ့နှင့်စနေနေ့များတွင်ပင်လယ်ဝါဓဒသ၌GPSကိုဟန့်တားနှောက်ယှက်မှုများပြုခဲ့ရာသင်္ဘောနှင့်လေယာဥ်များမောင်းနှင်ပျံသန်းမှုအခက်အခဲများတွေ့ခဲ့သည်။
၃။အမေရိကန်သမ္မတအသစ်၏ပေါ်လစီမူဝါဒများသည်တစ်ကမ္ဘာလုံးအပေါ်နှင့်ယူကရိန်းစစ်အပေါ်ရိုက်ခတ်မှုများရှိသဖြင့်ယူကရိန်းသမ္မတဇလင်စကီးကစစ်ပွဲပြီးဆုံးသွားမည်ကိုကြောက်နေကြောင်းစလိုဗက်ဝန်ကြီးချုပ်ဖိီကိုကပြောသည်။
၄။ကာတာနိုင်ငံသည်အစ္စရေးနှင့်ဟားမတ်စ်ကြားအပစ်အခတ်ရပ်စဲရေးအတွက်ကြားဝင်စေ့စပ်ပေးနေမှုများကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
၅။ယမန်နေ့ကပါကစ္စတန်အနောက်တောင်ပိုင်းကွီတာဘူတာရုံတွင်အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့်လူ၂၆ဦးသေဆုံးပြီး၄၀ကျော်ဒဏ်ရာရကြောင်းပြည်ထဲရေးဝန်ကြီးဌာနကကြေညာသည်။
Credit: NOM