နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီစက်လုပ်ငန်းရှင်များကို ကျပ်သန်းပေါင်း ၄၁၉၃ သန်း ထုတ်ချေးပေးထား
နေပြည်တော်၊ နိုဝင်ဘာလ (၁၀) ရက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ ဆီစက်လုပ်ငန်းရှင် ၃၄ ဦးကို ချေးငွေကျပ် ၄၁၉၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ယနေ့အချိန်အထိ Participating Financial Institutions (PFI) ဘဏ်နှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့က ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးထားခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောက်ရွက်လျက်ရှိသော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပြင်ပပုဂ္ဂလိကဘဏ်များ ပါဝင်ဆောင်ရွက်ရေး၊ ချေးငွေနှုန်းထားတိုးမြှင့်သတ်မှတ်ရေးတို့ကို လုပ်ဆောင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ထံမှ သိရှိရပါသည်။
Photo: MOI