ထရမ့်က အများထင်သလို ပေါတောတော မဟုတ်ပါဘူး။ သူ့ဘေးမှာရှိနေတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာသမားတွေလည်း ခပ်ညံ့ညံ့တွေမဟုတ်ကြဘူး။ သာဓကအနေနဲ့ကြည့်ရင် သာမန်လူတန်းစား Service industry ကိုရည်ရွယ်ပြီး မဲဆွယ်သွားတဲ့ No Tax on Tips! လို campaign ကိုကြည့်ရင်သိနိုင်တယ်။ လူနည်းစု elite တွေကို သိပ်ပြီးအာရုံစိုက်မနေပဲ အများစုကို ရည်ရွယ်ပြီး ဆွဲဆောင်သွားတဲ့ ဗျူဟာမျိုးပေါ့။ Service industry ထဲက ထရမ့်ကို မထောက်ခံသူတွေတောင် No Tax on Tips! campaign ကို တော့ သဘောကျကျတယ်လို့သိရတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်တယ်ဆိုတာလည်း သိပ်ပြီးတော့ ရိုးရှင်းမနေပဲ လက်တွေ့ ထိရောက်မယ့် မက်လုံးတွေကို စဉ်းစားတတ်ဘို့လိုကြောင်းသိရတာပေါ့။