အထောက်ထားမဲ့ မြန်မာနိုင်ငံသား (၁၅) ဦး စမွတ်ပရာကန်မှာ ဖမ်းဆီးခံရ
နိုဝင်ဘာ ၁၀
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်ထဲမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား (၁၅) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်း Khaosod News သတင်းမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုတွေ ကြောင့် နေ့စဉ်နီးပါးဖမ်းဆီးခံရမှုတွေ ဖြစ်ပေါ်နေတာလဲ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကနေ နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မသင်္ကာဖွယ်ရာတွေ တွေ့ရှိရင် သတင်းပေးကြဖို့ကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံသား (၁၅)ဦးအတူ ကမ္ဘောဒီးယား နိုင်ငံသား (၁၀)ဦး ကိုလည်း နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူတို့တွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw