ပြက္ခဒိန်အချို့မှာ အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းစွာ ဖော်ပြ ထုတ်ဝေသူတွေ သတိပေးခံရ

နိုဝင်ဘာ ၁၀၊ နေပြည်တော်။

ပြက္ခဒိန်အချို့မှာ အများပြည်သူရုံးပိတ်ရက်တွေကို မှားယွင်းစွာ ဖော်ပြ ထုတ်ဝေသူတွေကို ခေါ်ယူ သတိပေးခဲ့ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အများပြည်သူရုံးပိတ်တွေကို ‌ရွှေနိုင်ငံပြက္ခဒိန်၊ တရုတ် - အင်္ဂလိပ် - မြန်မာ သုံးဘာသာ ပြက္ခဒိန်၊ ရွှေနှစ်သစ်ပြက္ခဒိန်၊ ဝေဒိက ပြက္ခဒိန်၊ ရှေးဟောင်း သမိုင်းဝင်မွေတော်ကက္ကူ ဘုရားပြက္ခဒိန် နဲ့ အစ္စလာမ့် မီးအိမ် ပြက္ခဒိန်တို့မှာ မှားယွင်းစွာ ဖော်ပြထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ရွှေပြည်သာမြို့နယ် အစ္စလာမ် ဘာသာရေး အကျိုး‌ဆောင်အဖွဲ့၊ မြို့နယ် မွတ်စလင် ဘာသာရေး၊ နာရေးအသင်းပြက္ခဒိန်၊ ၂၀၂၅ ခုနှစ် ဟဂျ်နှင့် အွမ္မ်ရာဟ် ခရီးသွားလမ်းညွှန် အစ္စလာမ် ဘာသာရေး ပြက္ခဒိန်နဲ့ ၂၀၂၅ ခုနှစ်၊ အောင်မဟာ မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန် တို့မှာလည်း မှားယွင်းစွာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အဲ့ဒီ ပြက္ခဒိန်တွေမှာ ၂၀၂၄ ခုနှစ်/ နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်/ ဇွန်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ် / ဒီဇင်ဘာ ၄ ရက် ၊ ၂၀၂၅ ခုနှစ် / စက်တင်ဘာ ၂၉ နဲ့ ဒီဇင်ဘာ ၂၉ ရက် နေ့တွေကို မှားယွင်းစွာ ဖော်ပြထားယ်လို့ သိရပါတယ်။

မှားယွင်းစွာ ရိုက်နှိပ်ထုတ်ဝေမိကြတဲ့ ပြက္ခဒိန် ထုတ်ဝေသူတွေကို မှန်ကန်စွာ ဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေး မှတ်တမ်းတင်ကာ ဝန်ခံကတိပြုလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image