လူရာဝင်ချင်တဲ့ ပြဿနာ
အမြင့်မှာ အရမ်းနေချင်တဲ့သူက ငှက်ဖြစ်အောင် ဆုတောင်းရတယ် ။ မဟုတ်တဲ့နည်းနှင့်တော့ အမြင့်သို့
မတက်ချင်ရဘူး ။
“ငါ” ဆိုတဲ့ မာန်မာန အထုပ်ကြီးကို မချရင် ဘယ်သူမှ ခေါ်ချင်မှာ မဟုတ်ဘူး ။
အတင်းပြောထားတဲ့သူက လူစုံတဲ့အခါ အရှက်ကွဲရတတ်တယ် ။
ဖိနှိပ်ထားတဲ့သူက လူစုံတဲ့အခါ မကျေနပ်မှုတွေ ထွက်ပေါ်လာတတ်တယ် ။
တကယ်က မှန်ကန်တဲ့ ချစ်ခင်ခြင်း သနားကြင်နာခြင်း ဝမ်းမြောက်ပေးခြင်း မေ့သင့်တာ မေ့ပစ်ခြင်းတွေက လူရာဝင်စေတာပါ ။
သင် မှန်တယ် ထင်ထားတဲ့ စံနှုန်းကို ဒီ မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာနှင့် တိုင်းတာကြည့်ပါ ။
သင် ပယ်ရမှာက ဆရာကြီးလုပ်ချင်တဲ့စိတ် ။ သူတစ်ပါးအကြောင်း မကောင်းပြောတတ်တဲ့ အကျင့် ။ ငါဆိုတဲ့ အတ္တ ။ မာန ။