မောင့်ကိုပဲ လိုချင်ခဲ့တာ ...
ပြောရင်လဲ အပိုဖြစ်ဦးမယ် မောင်ရယ် ...
တကယ်တမ်းကျတော့
ပြောပြရဦးမယ်ဆိုရင်
ဒီထက်တောင် လိုပါသေးတယ် ...
ဘ၀မှာ ...
အများကြီးမလိုအပ်ပါဘူး
မောင်ပဲ လိုပါတယ်
မောင်ပြုံးနေတဲ့
အပြုံးလေးတွေရှိနေရင်
တစ်ရက်တာအတွက် ပြည့်စုံပြီဖြစ်သလို
မောင့်မျက်လုံးလေးတွေ
မြူးတူးနေရင်
အဲ့ဒီနေ့က ပြုံးဖို့ လုံလောက်ပါပြီ
မောင် ... ရှိနေမယ်ဆိုရင်
တလောကလုံးကို
အပြုံးမပျက်ပဲ
ရင်ဆိုင်ရဲတယ်လို့ပြောရင်
ပိုတယ် ဖြစ်ပါဦးမယ်
တော်ပါပြီ မောင်ရယ်...
မောင့်ကိုပဲ လိုချင်ခဲ့တာဆိုတာလေး
သိထားရင် ရပြီ ။