2 w - Translate

အချစ်တဲ့
ဒဏ်ရာ ဒဏ်ချက်တွေပါပဲ။

နာကျင်မှာသိလျှက်
ခုတ်တဲ့ဓားအောက်
ငါ့လက် ငါလျှိုခဲ့တယ်
ဒါ… ငါရူးခဲ့တာမဟုတ်ဘူး
ငါချစ်ခဲ့မိတာ။

ပူလောင်ခြင်းတွေ
ငါ့ကော်ဖီခွက်ထဲ
ခုန်ဆင်းပျော်ဝင်ပြီး
အတိတ်တွေနဲ့ခြောက်လှန့်
ငါ့ ပစ္စုပ္ပန်ညတွေကို
ရက်ရက်စက်စက် နင်းခြေခဲ့တယ်။

ဘယ်တတ်နိုင်မလဲ
ပြုသမျှ နုရတော့မှာပေါ့
ငါကိုယ်တိုင်က
အဆိပ်သင့်ကော်ဖီခွက်ကို
တွယ်တာရူးသွပ်နေခဲ့မိမှကိုး။

ဟုတ်တယ်…
မင်းက ငါ့အတွက်
ငါအနှစ်သက်ဆုံး ကော်ဖီတခွက်…
ဒီတော့ ငါ့မှာ
တရှိုက်မတ်မတ်သောက်
တ‌ဆွေးမြေ့မြေ့ခံစားပြီး
တဖြည်းဖြည်း လွင့်ပါးသွားရုံပေါ့။

ဟောဒီကမ္ဘာကြီးထဲ
ငါမရှိတဲ့တနေ့
ငါ့ကဗျာတွေထဲကနေ
ငါ့ ချစ်ခဲ့ခြင်းတွေ
ငါ့ နာကျင်ခြင်းတွေ
မင်းမြင်တွေ့ခဲ့မယ်ဆိုရင်…

image