တန်ဖိုးထားပါ လိုသုံးမလုပ်ပါနဲ့။
ဆုံးရှုံးသွားမှ နောင်တမရချင်ရင်
ရှိနေတုန်းအချိန်မှာ တန်ဖိုးထားပါ။
ချစ်ခြင်း မေတ္တာ ပဲ ဖြစ်ဖြစ် ၊
စေတနာပဲဖြစ်ဖြစ်လွယ်လွယ်နဲ့ ရရင်
လူတိုင်းက တန်ဖိုးမထားချင်ကြတော့ဘူး။
တစ်ကယ်တော့ သင်လွယ်လွယ်ရနေတဲ့ အရာတွေအားလုံးက
တစ်ဖက်သူအတွက် တန်ဖိုးကြီးတဲ့ အရာတွေဖြစ်နေတတ်တယ်။
အချစ်ခံရဖို့ ဘယ်သူတွေက ဘယ်လောက်ထိ ရင်ဘတ်ကြီးနဲ့ရင်းခဲ့ပါစေ
တန်ဖိုးမသိသူအတွက် ဒီမေတ္တာတရားတွေက အပေါစားဆန်နေမှာပါပဲ။
ဒီလိုပဲ ဘဝမှာ တန်ဖိုးမသိလို့ လိုသုံးဖြစ်သွားတဲ့ သူတွေအများကြီးရှိပါတယ်။
ကိုယ့်ဘက်က အစကတည်းက လက်မခံနိူင်ဘူးဆိုရင်
ဘယ်သူ့တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားကိုမှ ကစားဖို့မသင့်ပါဘူး။
တစ်ကယ်ချစ်တဲ့သူက ပိုခံစားရတာ သဘာဝပါပဲ
ဒါပေမယ့် ကိုယ့်တန်ဖိုးကိုယ်မသိပဲ
ကိုယ့်အတွက်မဟုတ်တဲ့ သူအတွက်
ခံစားပေးနေရတာကိုက သင့်ကိုပိုခံစားရစေမှာပါ။
" လွတ်သွားတဲ့ငါးက ပိုကြီးသလို " နောင်တတွေနဲ့မခံစားချင်ရင်
အနည်းဆုံးတော့ တန်ဖိုးထားပါ လိုသုံးမလုပ်ပါနဲ့ ။
ဆုံးရှုံး သွားမှ နောင်တမရချင်ရင်
ပိုင်ဆိုင်ခွင့်ရတုန်းအချိန်မှာ သေသေချာချာလေး တန်ဖိုးထားစေသင့်တယ်
တစ်ချို့အရာတွေက အကြိမ်ကြိမ် ပြန်ရလောက်တဲ့အထိ စျေးမပေါဘူးဆိုတာသိစေချင်ပါတယ်။
#??????_??_????????_??????