ဘဝမှာလူကောင်းတစ်ယောက်နဲ့ဆုံဆည်းခွင့်ရရင် အဲဒါသိပ်ကုသိုလ်ကံကောင်းတဲ့သူမို့ပဲ။ လူတိုင်းဟာ လူကောင်းကို ရှာရင်းရှားပါးနေကြတာ။ အဲ့အချိန်မှာ ကိုယ့်အတွက် အချိန်ပေးနေတာ၊ အချစ်ပေးနေတာ၊ နွေးထွေးလုံခြုံစေတာဟာ တော်ရုံမေတ္တာမဟုတ်ဘူး။ လူတိုင်းဟာ စက်ရုပ်တွေလို လှုပ်ရှားရုန်းကန်နေရတဲ့ကာလမှာ၊ ကိုယ့်အတွက် စေတနာရှိပေးနေတယ်ဆိုတာ လူတိုင်းမလုပ်နိုင်ကြဘူး။ လူကောင်းတွေက လူတော်ဖြစ်လာအောင် လေ့ကျင့်ဖို့ လွယ်ပေမယ့် လူတော်တိုင်းကတော့ လူကောင်းဖြစ်ချင်မှဖြစ်တာ။ တစ်လကို သိန်းသန်းချီ ရှာဖွေနိုင်ရင်တောင် ကိုယ့်အတွက်ဆို ငါးကျပ် တစ်ဆယ်တောင် စေတနာမရှိသူတွေ၊ အချိန်လည်း မပေးချင်၊ အချစ်လည်းမပေးချင်၊ ပေးရင်လည်း တစ်ယောက်တည်းကိုပေးတာမျိုးမဟုတ်ဘဲ၊ အချစ်ခွဲတမ်းချပြီး စိတ်ညစ်စေသူတွေ .. လူတော်လည်း မဟုတ် လူကောင်းလည်း မဖြစ်၊ ထမင်းတစ်လုပ် တုတ်တစ်ချက် စိတ်ဒဏ်ရာပေးတတ်သူတွေ လောကမှာ အများကြီးရယ်။
အဲ့အချိန်မှာ လူသားတစ်ယောက်က ကိုယ်နဲ့ဘဝတစ်ခုကို အတူတူသွားဖို့ စိတ်စေတနာရှိနေတဲ့အခါ အနိုင်မကျင့်မိဖို့လိုတယ်။ တချို့အရာတွေက တစ်သက်မှာတစ်ခါပဲ ရနိုင်တာမျိုး။ တချို့ကျ အကြိမ်ကြိမ်ရတတ်တယ်။ ဒါပေမဲ့ .. လူကောင်းတန်ဖိုးမသိတဲ့အခါ၊ ကိုယ်တိုင်က လူယုတ်ဓာတ်များတဲ့အခါ လူကောင်းတွေအပေါ် တွန်းထုတ်မိတတ်တယ်။ အဲ့အချိန် လူကောင်းတွေက ပိုနာကျင်ရပေမယ့်၊ အချိန်ကြာလာတာနဲ့အမျှ ဆုတ်ယုတ်သွားရတာ တွန်းထုတ်မိသူကိုယ်တိုင် ဖြစ်နေတတ်တယ်။ တချို့ကိစ္စတွေက တစ်ထိုင်တည်း အဖြေမပေါ်ဘူး တမြေ့မြေ့ကြာလေ သိသာလေ .. ဘယ်တော့မှပြန်မပြည့်တဲ့ ကွက်လပ်တွေဖြစ်တတ်လေပေါ့။
ဘာရယ်မဟုတ် ခရီးသွားရင်း တွေးမိတာတွေ ရေးလိုက်တာပါ။ အားလုံးပဲ လူကောင်းလူတော်တို့နဲ့သာ ဆုံဆည်းပေါင်းဖက်နိုင်ကြပါစေ 🤍✨🦋
Witchy Candy
#ကူးယူဖော်ပြခွင့်မပြုပါ
#shareနိုင်ပါသည်