23 w - Translate

လွိုင်ကော်မြို့တွင် (၃၅)ကြိမ်မြောက်စုပေါင်းမ ဟာဘုံကထိန်အလှူပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲအား ယနေ့ နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။

အလှူပွဲသို့တက်ရောက်လာကြသူများက ပြည် နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများကလည်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ယနေ့ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘံကထိန်အလှူပွဲ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ငွေကျပ်(၈၉၀၇၃၃၀၀)သိန်းတန်ဖိုးရှိ ပဒေသာပင်(၅၆)ပင်ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

image