ဘဲဥခွဲခံလိုက်ရပြီ ဖြစ်တဲ့ မာလီကင်
*************
ရသ အပြည့်ပေးလွန်းတဲ့ ပွဲတစ်ပွဲပါပဲ။
ဂေါ်ရီလာကြီး ၂ ကောင် ဆော်ကြသလိုကို ကြည့်ရတာ ကောင်းတာပါ။
အရင်ဆုံးပြောချင်တာက ရုရု အိုမာကင်း ဟာ ဘယ်သူမှ ထင်မှတ်မထားလောက်အောင်ကို တိုးတက်လာပါတယ်။ မာလီကင် ရဲ့ ထိုးချက်တွေကိုလဲ ခံနိုင်ရည်ရှိသလို ၊ ထိထိမိမိလဲ တုန့်ပြန် ကစားပြသွားတာပါ။
ဒီပွဲဟာ မာလီကင် အစွမ်းကုန် ထုတ် ကစားတဲ့ ပွဲဖြစ်သလို ၊ ပထမဆုံး အကြိမ် သွေးထွက်သံယိုတွေ ခံရတာ မြင်ဖူးခြင်းပါပဲ။
အစောပိုင်း ၂ ချီ လောက်ထိ ရုရု သာပါတယ်။
မာလီကင်လဲ ပြိုင်ဘက်ကို အထင်သေး ကစားရင်းနဲ့ တတိယချီ ရောက်မှ ပြန်ပြီး လက်ပူလာတာပါ။
ပွဲရလာဒ်ကတော့ ဒိုင်တွေ က ဆုံးဖြတ်တာပါပဲ။
ကျနော်ကတော့ ကောင်တာစောင့်လွန်းတဲ့ ရုရု ထက် စာရင် ၊ တိုက်စစ်ဖွင့်ကစားတဲ့ မာလီကင် ကို ပိုသဘောကျပါတယ်။
ဒါပေမယ့် ဘယ်သူနိုင်တယ် ၊ ရှုံးတယ် ဆိုတာလဲ ပြောရ ခက်ပါတယ်။ ပွဲက အတော်ကို ကောင်းတာပါ။
နောက်ထပ် မကျေပွဲ တန်းဖြစ်ဖို့လဲ မျှော်လင့်မိပါတယ်။
ထင်မှတ်မထားပဲ ချန်ပီယံ ခါးပတ်ယူ ၊ ဘဲဥခွဲပြသွားတဲ့ ရုရု ကိုလဲ Congratulations ပါ။ 🤝
👏👏👏