2 w - Translate

ဆုပေးပွဲ အပြီး ၁၁ ရက် အကြာမှာတော့ ၂၀၂၄ ခုနှစ် အတွက် ရွှေဘောလုံးဆုရဲ့ ရမှတ်တွေ ထွက်ပေါ်လာခဲ့ပါပြီ ။ ရွှေဘောလုံးဆုရှင် ရိုဒရီ ဟာ ဒုတိယနေရာက ဗီနီးရှပ် ဂျူနီယာ ထက် ၄၁ မှတ်ပိုများခဲ့ပါတယ် ။

ဆုချီးမြှင့်တဲ့ France Football ရဲ့ အဆိုအရ ဂျာနယ်လစ် အယောက် ၁၀၀ ထဲက ၃ ယောက်ဟာ ဗီနီးရှပ် ဂျူနီယာ ကို လုံး၀ အမှတ်မပေးထားခဲ့ကြပါဘူး ။ ဒါ့အပြင် ရီးရဲအသင်းဖော်တွေ ဖြစ်ကြတဲ့ ဘယ်လင်ဟမ် နဲ့ ကာဗာရယ် တို့ဟာလည်း ဆုရဖို့ ရေပန်းစားသူတွေထဲ ပါဝင်ခဲ့တာဟာ ဗီနီးရှပ် ရဲ့ အမှတ်အချို့ ကို ဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ် ။

ဒီဆုကို ကမ္ဘာ့အဆင့် ၁-၁၀၀ အတွင်းက ဘောလုံးနိုင်ငံတွေရဲ့ ကိုယ်စားပြု ဂျာနယ်လစ် တွေက ရွေးချယ် ကြတာဖြစ်ပြီး ဒီနှစ်မှာ အဆင့်အလိုက်ရမှတ်တွေကို ၂ ဆ ကျော် တိုးလိုက်တာကြောင့် ( မနှစ်က အထိ အဆင့် ၁ အတွက် ၆ မှတ် ၊ အခု နှစ်မှာ အဆင့် ၁ အတွက် ၁၅ မှတ် ) အမှတ်တွေ ထောင်ကျော်သွားခဲ့ရတာလည်း ဖြစ်ပါတယ် ။

image