ပြည်ပထောက်လှမ်းရေးအဖွဲ့အစည်းကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ လွှဲပြောင်းပေးမှုနဲ့ တရုတ်သူလျှိုတစ်ဦးကို တရုတ်နိုင်ငံက သေဒဏ်ချမှတ်
နိုဝင်ဘာ ၉၊ နိုင်ငံတကာ။
နိုင်ငံတော်လျှို့ဝှက်ချက်တွေကို flash drive နဲ့ ပြည်ပနိုင်ငံထောက်လှမ်းရေးအဖွဲ့အစည်းကို လွှဲပြောင်းပေးခဲ့တဲ့ သူလျှိုတစ်ဦးကို တရုတ်နိုင်ငံက သေဒဏ်ပေးဖို့ စီစဉ်နေပါတယ်။ မိသားစုအမည် “ကျောင်း” လို့ ခေါ်ဆိုတဲ့ အဆိုပါပုဂ္ဂိုလ်ဟာ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်သတင်းအချက်အ လက်အများအပြားနဲ့ လျှို့ဝှက်သတင်းတွေကို ပြည်ပနိုင်ငံက ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို ပေးခဲ့တယ် လို့ တရုတ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက တရားဝင် WeChat အကောင့်မှာ ဖော်ပြထားပါတယ်။
ပြည်ပနိုင်ငံထောက်လှမ်းရေးအဖွဲ့အစည်းတွေကို နိုင်ငံတော်လျှို့ဝှက်ချက်သတင်းအချက်အလက်တွေပါဝင်တဲ့ USB stick ကို လွှဲပြောင်းပေးခဲ့တဲ့အတွက် ကျောင်းကို သေဒဏ်ချမှတ်လိုက်ကြောင်းလည်း အဲဒီလူမှုကွန်ရက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ကျောင်းကို သေဒဏ်ပေးမယ့် အချိန်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ တစ်ချိန်က တရုတ်နိုင်ငံ အစိုးရဌာနကြီးတစ်ခုရဲ့ အလွန်အရေးပါတဲ့ လျှို့ဝှက်သတင်းတွေကို သိခွင့်ရတဲ့ ထိပ် တန်းအရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကျောင်းဟာ လုပ်ငန်းခွင်ထဲက နိုင်ငံတော်လျှို့ဝှက်ချက် အများအပြားကို ဖော်ထုတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အလုပ်ကထွက်ပြီးနောက် ကျောင်းဟာ ၎င်းတို့ဘက်ကို သစ္စာဖောက်ဘက်ပြောင်းလာအောင် သိမ်းသွင်းစည်း ရုံးဖို့ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အစည်းတွေအတွက် အရေးပါတဲ့ ပစ်မှတ်တစ်ခုဖြစ်လာသလို နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာကြောင်း နိုင်ငံတော်လုံခြုံရေးဝန်ကြီး ဌာနက ပြောပါတယ်။
“စာရိတ္တပိုင်းဆိုင်ရာ အားနည်းပြီး ငွေကြေးနဲ့ ဖျားယောင်းသွေးဆောင်တဲ့ဒဏ်ကို မခံနိုင်တဲ့ ကျောင်းဟာ တခြား အဖွဲ့အစည်းက ထိန်းချုပ်အသုံးချတာကို ခံရတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာပါတယ်။” လို့ ဝန်ကြီးဌာနက ပြော ပါတယ်။ ကျောင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံတော်အဖွဲ့အစည်းနာမည်၊ အချက်အလက်အသေးစိတ်နဲ့ ကျောင်းရဲ့ နာမည်အပြည့်အစုံကိုတော့ ဝန်ကြီးဌာနက ပြောကြားခြင်းမရှိပါဘူး။
ကျောင်းကို အမည်ဖော်ပြမထားတဲ့နိုင်ငံတစ်ခုအတွက် နှစ်ဖက်ချွန်ထောက်လှမ်းရေးလုပ်ဖို့ မိသားစုနာမည် “လီ” လို့ ခေါ်တဲ့ နိုင်ငံခြားသားသူလျှိုတစ်ဦးက ဖျားယောင်းသွေးဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကျောင်းကို USB work flash drive နဲ့ ၎င်းပိုင်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးမရခင်အချိန်မှာ ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးဖို့ လီက ဖိအားပေးစေခိုင်းခဲ့ပါတယ်။
ပြည်ပထောက်လှမ်းရေးအဖွဲ့အစည်းက လေ့ကျင့်သင်ကြားပေးလိုက်ပြီးနောက်မှာ ကျောင်းဟာ နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့အစည်းက ထိန်းချုပ်အသုံးချနေတဲ့ သတင်းအချက်အလက်ခိုးယူလွှဲပြောင်းရေး သူလျှို တစ်ဦးဖြစ်လာပါတယ်။ ကျောင်းကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် မိသားစုနာမည် “ကျူ” ကိုတော့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
Ref: China to execute 'spy' who gave away state secrets on flash drive after being lured abroad with promise of 'experiencing exotic customs
#centralnewsnaypyitaw