နိုင်ငံကူးလက်မှတ်နှင့် (CI) ကိုင်ဆောင်ထားသူများအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂) ကြိမ်ဖြင့် (၄) နှစ်ခွင့်ပြုမည်

နိုဝင်ဘာ ၉၊ နေပြည်တော်။

နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများ အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာaအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ အလုပ် အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်သည်ဖြစ်ရာ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်း ဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါ သည်။

CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီး ဖြစ်ပြီး မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image