2 w - Translate

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကုန်ပိဿာချိန် သုံးသိန်းကျော် သီရိမင်္ဂလာစျေးသို့ နေ့စဉ်ဝင်ရောက်နေ

နိုင်ငံအနှံ့ရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ကုန်ပိဿာချိန် သုံးသိန်းကျော် သီရိမင်္ဂလာစျေးသို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ‌ယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။

သီရိမင်္ဂလာစျေးအတွင်းသို့ နိုင်ငံအနှံ့မှ ဝင်ရောက်လာခြင်းဖြစ်ပြီးကန်စွန်း၊ ချဉ်ပေါင်၊ ငရုတ် စသည့် ရာသီပေါ်ဟင်းသီးဟင်းရွက်များ၊ ပန်းမျိုးစုံ၊ မာလကာသီး၊ ထောပတ်သီး စသည့် သစ်သီး၀လံများလည်း အများဆုံး ဝင်ရောက်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ စျေးများအသီးသီး၏ ဟင်းသီးဟင်းရွက် ကုန်စိမ်းသီးနှံများအတွက် အဓိကအားထားရာ စျေးဖြစ်သော သီရိမင်္ဂလာစျေးတွင် ဈေးရုံပေါင်း (၁၄) ရုံ၊ ဆိုင်ခန်းပေါင်း (၄၀ ၀၀)ကျော်ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံကုန်တင်ကား စီးရေ (၃၅၀)ဝန်းကျင်လောက် ဝင်ရောက်နေပြီး ကုန်ပိဿာချိန်အားဖြင့် သုံးသိန်းကျော်၊ တန်ချိန်အားဖြင့် တန် (၅၀၀၀) ကျော်လောက် ဝင်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

image