မှတ်ပုံတင်မော်တော်ယာဉ်အားလုံး ယာဉ်စစ်ပြီးမှသာ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးတော့မည်ဟုဆို

နိုဝင်ဘာ ၆

မှတ်ပုံတင်မော်တော်ယာဉ် အားလုံး ယာဉ်စစ်ပြီးမှသာ မှတ်ပုံတင်လုပ်ငန်းတွေကို ဆောင်ရွက်ပေးတော့မှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

ယာဉ်တွေ ကြံ့ခိုင်မှုရှိပြီး အများပြည်သူတွေ အန္တရယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်သက်တမ်းတိုး ခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို နိုဝင်ဘာ ၁ ရက်နေ့ကနေ စပြီး ယာဉ်စစ်ပြီးမှသာ မှတ်ပုံတင်ခွင့်ပြုတော့တာလို့ သိရပါတယ်။

ကုန်းလမ်းသယ်ယူပို့ဦးစီးဌာနကနေ ခရီးသည်တင်ယာဉ်တွေ၊ ယာဉ်မှန် မမှန် စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်တွေ၊ Taxi တွေ၊ School Bus တွေ၊ နှစ်တန်နဲ့ အထက်အငှားယာဉ်တွေကို စစ်ဆေး သက်တမ်းတိုး ဆောင်ရွက်ပေးတာ ပဲ ဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image