3 w - Translate

ဂျပန်သုတေသနပညာရှင်တွေကတော့ LignoSat လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံးသစ်သားဂြိုလ်တုကို အာကာသထဲသို့ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။ ၎င်းဂြိုလ်တုကို လွှတ်တင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာ သစ်သားရဲ့ကြာရှည်ခံနိုင်စွမ်းကို စူးစမ်းလေ့လာနိုင်ရန် ဖြစ်ပါတယ်။

LignoSat ကိုတော့ ကျိုတိုတက္ကသိုလ်နဲ့ ဆူမီတိုမိုသစ်ကုမ္ပဏီတို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းသို့ SpaceX ရဲ့ဒုံးပျံယာဥ်နဲ့ လွှတ်တင်ခဲ့တာပါ။ ၎င်းသစ်သားဂြိုလ်တုလေးကတော့ ကမ္ဘာကြီးအထက် 400 ကီလိုမီတာလောက်အကွာကနေ ကမ္ဘာကြီးအား လှည့်ပတ်ကာ အလုပ်လုပ်သွားမှာပါ။

အာကာသထဲမှာ သစ်သားရဲ့ခံနိုင်စွမ်းကို စမ်းသပ်ချင်တာအပြင် ဂြိုလ်တုထဲမှာရှိတဲ့ Semiconductors အစိတ်အပိုင်းတွေကို အာကာသရောင်ခြည်တွေဆီကနေ သစ်သားက ဘယ်လောက်အထိ ကာကွယ်သွားနိုင်မလဲဆိုတာကိုပါ စူးစမ်းလေ့လာသွားကြမှာပါ။ ယခုသုတေသနကနေ ရလဒ်ကောင်းတွေသာ ထွက်ပေါ်လာပါက အနာဂတ်မှာ သစ်သားဒေတာစင်တာတွေကိုပါ အာကာသထဲမှာ ဆောက်လုပ်သွားနိုင်တော့မှာ ဖြစ်ကြောင်းပါဗျာ။

image