Passport မလိုတဲ့ ကမ္ဘာ့ ပထမဆုံး လေဆိပ် ဖြစ်လာတဲ့ စင်ကာပူရဲ့ ချန်ဂီ လေဆိပ်
==============================================
စင်ကာပူရဲ့ ချန်ဂီ လေဆိပ်မှာ နည်းပညာမြင့် Biometrics နဲ့ စစ်ဆေးတဲ့ နည်းလမ်းကို အသုံးပြုနေပြီး Passport မလိုတဲ့ ကမ္ဘာ့ ပထမဆုံး လေဆိပ် ဖြစ်လာပါတယ်။ ဒီနည်းပညာကြောင့် ခရီးသွား ၁ ယောက်အတွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း လုပ်ဆောင်တဲ့ အချိန်ဟာ ပုံမှန် ၂၅ စက္ကန့် ကနေ ၁၀ စက္ကန့်ပဲ ကြာမြင့်ပြီး ၆၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က ချန်ဂီ လေဆိပ်ရဲ့ Terminal ၄ ခုစလုံးမှာ Passport မလိုတဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုကို စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက ပြုလုပ်ပေးထားတယ်လို့ ပြောပါတယ်။
ICA က Passport မလိုတဲ့ လူဝင်ကြီးကြပ်ရေး ဝန်ဆောင်မှုကို အသုံးပြုတဲ့ ခရီးသွားဟာ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ၁.၅ သန်း ရှိတယ်လို့ ပြောပါတယ်။
ဒီနည်းပညာကို အသုံးပြုတဲ့အတွက် ချန်ဂီ လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ အချိန်ပိုအားလာကြပြီး တခြား လုပ်ငန်းတွေကို ပိုမို လုပ်ဆောင်လာနိုင်ကြတယ်လို့ ICA က ပြောပါတယ်။
Ref : theverge