3 w - Translate

ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၁၀၀ ကျော်နှင့် တရုတ်ယွမ် ၁ သန်းခွဲ ထပ်မံထုတ်ရောင်းခဲ့

နိုဝင်ဘာ (၄) ရက်တွင် ဗဟိုဘဏ်မှ Online Trading Platform မှတဆင့်ဒေါ်လာ (၁၅) သန်း၊ ထိုင်းဘတ်သန်း (၁၀၀) ကျော်နှင့် တရုတ်ယွမ် (၁) သန်းခွဲ ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဒေါ်လာဈေး စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် နိုင်ငံခြားငွေများကို အလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ထိုသို့ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၄) ရက်အထိ သုံးလကျော်တွင် ဒေါ်လာ (၂၅၆) သန်းကျော်၊ ထိုင်းဘတ် (၁.၀၃၄) ဘီလျံနှင့် တရုတ်ယွမ် (၄၄)သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများမှာ တစ်ဒေါ်လာ ၄၅၄၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၃.၃၃ ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် ၆၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။

image